May 12, 2022
(၅)ကြိမ်မြောက် အာဆီယံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်း ဆုပေးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ ဆင်းရဲမှုပပျောက်ရေးကော်မရှင်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
May 12, 2022
“AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force)၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
May 12, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
May 12, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၄/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
May 12, 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၀)ရပ်ကွက်နေ နိုင်လင်းထွန်း(ခ) စောနိုင်လင်းထွန်း(ဘ) ဦးလှသောင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ မတ်လအထိ ကာလအတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ဆူပူဆန္ဒပြမှုများ၌ ပါဝင်ခဲ့ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများကို ဖြန့်ဝေခဲ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ခြင်း၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲခဲ့ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(ဈ)အရ ၎င်းအား ၂၀၂၂ ခုနှစ်၊ မေ ၁၁ ရက်တွင် “ထောင်ဒဏ်တစ်သက်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
May 12, 2022
မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources (HR)လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် စာသင်ကျောင်းများအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများအတွင်း ဝင်ရောက်၍ သင်ကြားရေးပစ္စည်းများအား ဖျက်ဆီးခြင်း၊ နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ/ ဆရာမများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများကို မြို့နယ်အချို့၌ လုပ်ဆောင်လျက်ရှိနေသည်ကို တွေ့ရှိရသည်။
May 12, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ဩဂုတ် ၃၁ ရက်အထိ (စနေ၊ တနင်္ဂနွေမပါ) စာသင်ရက်ပေါင်း ၈၀ ဖြင့် ပုံမှန်ပညာသင်နှစ်ဝက်ကာလအတိုင်း ပြန်လည်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ရာ ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ ကျောင်းပြန်လည် တက်ရောက်လျက်ရှိကြသည်။
May 12, 2022
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံတွင် မေလ ၂၃ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှ လက်ရွေးစင်အားကစားသမားများက အားကစားနည်း အမျိုး ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ မေလ ၁၁ ရက်နေ့တွင် ကျင်းပသည့် Kurash အားကစားနည်း +၈၇ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ်နှင့် ဗိုလ်လုပွဲပွဲစဉ်များကို ကျင်းပရာ မြန်မာအားကစားသမား မအေးအေးအောင်က မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးလိုက်သည်။
May 12, 2022
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီ(KNDP)တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 12, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
May 12, 2022
ပြန်ကြားရေးဝန်ကြီးဌာန ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့ (Broadcasting Governing Body-BGB) အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂)ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံးမှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
May 12, 2022
၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ် (၃၅)ရှိ ယဉ်ကျေးမှုရတနာခန်းမတွင် ကျင်းပသည်။
May 12, 2022
လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ဖွဲ့စည်းထားရှိသည့် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
May 12, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ Online e-Visa စနစ်ဖြင့် Tourist Visa (ကမ္ဘာလှည့်ဗီဇာ) ပြန်လည်ခွင့်ပြုထုတ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 12, 2022
မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်။
May 12, 2022
၁။ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝမကောက်ခံပါ။
May 12, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် အသိပညာဖြန့်ဝေရေး ( Knowledge Sharing Program – KSP) အစီအစဉ်အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၁၄)ကို “ကုန်သွယ်လုပ်ငန်းခွန်အကြောင်း သိမှတ်ဖွယ်ရာများ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။
May 12, 2022
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီ ဈေးနှုန်းများ
May 12, 2022
မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာကို ၂၀၀၃ ခုနှစ် ဇွန် ၂၁ ရက်တွင် လည်းကောင်း၊ အလုပ်သမားများ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ် ဇွန် ၂၄ ရက်တွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီး MoU စနစ်ဖြင့် တရားဝင် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စေလွှတ်ရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်မတိုင်မီအထိ မြန်မာအလုပ်သမား ၉၁၅၉၈၀ စေလွှတ်ခဲ့ပြီး ဖြစ်သည်။
May 12, 2022
Khit Thit ၊ DVB ၊ Mizzima ၊ Delta News Agency ၊ Irrawaddy ၊ Tachileik News Agency သတင်းဌာနတို့မှ လုပ်ကြံသတင်းအတုနှင့် သတင်းအမှားများ လွှင့်တင်နေသည့် အခြေအနေ