နေပြည်တော် အောက်တိုဘာ ၁၁
ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ကမ်းတွင် ဆိုက်ကပ်ရောက်ရှိနေသော MV VTC Ocean သင်္ဘောဖြင့် မြန်မာ့တန်းမြင့်ဆန် တန်ချိန် ၂၁၃၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှု စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။
အဆိုပါ သင်္ဘောတင်ပို့မှုသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးဆောင် စီစဉ်မှုဖြင့် နှစ်နိုင်ငံအစိုးရအချင်းချင်း သဘောတူညီထားမှုအရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ စီစဉ်တင်ပို့ခြင်း ဖြစ်သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စားနပ်ရိက္ခာ ဦးစီးဌာနတို့အကြား တန်းမြင့်ဆန် ၅ ရာခိုင်နှုန်း တန်ချိန် ၂၅၀၀၀၀ စာချုပ်ချုပ်ထားပြီးဖြစ်ကြောင်းနှင့် ယခု MV VTC Ocean သင်္ဘောဖြင့်တင်ပို့မှုသည် အဆိုပါစာချုပ်အား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်