နေပြည်တော် အောက်တိုဘာ ၁၁
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်နှင့် ရန်ကင်းမြို့နယ်၌ ဒေသခံပြည်သူ ၁၅၉ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံ ပြည်သူ ၁၆၂၅ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌ ဒေသခံပြည်သူ ၈၇၄ ဦးနှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ ဒေသခံ ပြည်သူ ၁၂၀ ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန် နှာခေါင်းစည်းများကို ပြည်သူများ လက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နှင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တို့ရှိ စာသင်ကျောင်းများ၊ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာနေရာများတွင် နယ်မြေခံ တပ်မတော်သားများက ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ပြီး သွားလာကြရန် လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်းများကို ဒေသခံပြည်သူများ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်