Skip to main content

နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ်၌ အခကြေးငွေယူ၍ Passport ပြုလုပ်ပေးသူ အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၀

၂၀၂၃ ခုနှစ် မတ် ၇ ရက်တွင် “နေပြည်တော်အသိုင်းအဝိုင်း” Facebook Group “Win Min Thant” Facebook Account ပိုင်ရှင်က “နေပြည်တော် ၈ မြို့နယ် အိမ်ထောင်စုဖြင့် ပတ်စပို့အမျိုးမျိုးကို ယုံကြည်စွာဖြင့်အပ်နှံနိုင်ပါပြီ၊ ဆက်သွယ်ရန်ဖုန်းနံပါတ် 09-422116161” ဟု ရေးသားဖော်ပြထားခဲ့မှုနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ဖော်ထုတ်သိရှိရ

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက Facebook Page တွင် ဖော်ပြထားရှိသည့် ဖုန်းနံပါတ် 09-422116161 သို့ မတ် ၈ ရက် ည ၇ နာရီတွင် ဆက်သွယ်စုံစမ်းခဲ့ရာ သာမန် မြန်မာနိုင်ငံကူးလက်မှတ်အသစ် (သို့မဟုတ်) သက်တမ်းတိုးလျှောက်ထားမည်ဆိုပါက ၎င်းအား ငွေကျပ် ၂၄၀၀၀ဝ ပေးချေရမည်ဖြစ်ကြောင်း၊ လျှောက်ထားသူအနေဖြင့် မှတ်ပုံတင်မိတ္တူ နှစ်စုံ၊ အိမ်ထောင်စုစာရင်းမိတ္တူ နှစ်စုံ ယူဆောင်လာ၍ ပျဉ်းမနားတရားရုံးအရှေ့ရှိ ၎င်း၏နေအိမ်ဖြစ်သော “ရွှေလဝန်းမိတ္တူ”သို့ စရန်ငွေကျပ် ၁၀၀၀၀ဝ နှင့်အတူ ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံနိုင် ကြောင်း၊ PJ အမျိုးအစားဖြင့် လျှောက်ထားမည်ဆိုပါက မြို့နယ် အလုပ်သမားရုံးမှ လေဘာကတ်ယူဆောင်လာရမည် ဖြစ်ကြောင်း၊ လေဘာကတ်ယူဆောင်ရန် အခက်အခဲရှိပါက ငွေကျပ် ၅၀၀ဝ ထပ်မံ ပေးရမည်ဖြစ်ကြောင်း၊ အလုပ်အပ်မည်ဆိုပါက စရန်ငွေနှင့်အတူ ၎င်း၏ နေအိမ်သို့ လာရောက်အပ်နှံနိုင်ကြောင်း၊ အလုပ်အပ်နှံသည့်နေ့မှစတင်၍ တစ်ပတ်အတွင်း သာမန်မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး လျှောက်ထား ပြီးပါက နှစ်ပတ်အတွင်း စာအုပ်ရရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ထိုသို့စုံစမ်းဖော်ထုတ်ချက်အရ ၎င်းချိန်းဆိုသည့် ပျဉ်းမနားမြို့ ပေါင်းလောင်း(၂)ရပ်ကွက်ရှိ “ရွှေလဝန်းမိတ္တူ”ဆိုင်သို့ သွားရောက် ဖမ်းဆီးခဲ့ရာ အခကြေးငွေယူ၍ နိုင်ငံကူးလက်မှတ် တစ်ဆင့်ခံ ပြုလုပ် ဆောင်ရွက်ပေးသူ တရားခံဖြစ်သည့် ဝင်းမင်းသန့်(၄၂)နှစ် (ဘ)ဦးတင်ညွန့်အား မတ် ၉ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် အဆိုပါမိတ္တူဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ပျဉ်းမနားမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်းစဉ်