Jan 26, 2023
ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်ပေါင်း ၁၀၀ ကျော် သုံးစွဲလာခဲ့သည့် ရုပ်ကြွင်းလောင်စာ စွမ်းအင်သုံးကားများ၏ အနာဂတ်မှာ မှေးမှိန်စပြုနေပြီဖြစ်သည်။ ဒီဇယ်ဆီ၊ ဓာတ်ဆီ စသော လောင်စာဆီများ ထုတ်လုပ်သည့် (Fossil Fuel) ခေါ် ရုပ်ကြွင်းလောင်စာများမှာ ပမာဏအကန့်အသတ်ဖြင့်သာ ရှိနေခြင်းဖြစ်ရာ လာမည့်ဆယ်စုနှစ်ပေါင်း သုံးခုမှ ငါးခုမျှကာလအတွင်း ကုန်ဆုံးသွားတော့မည်ဟု ပညာရှင်များက တွက်ဆထားကြပြီး အခြားသော စွမ်းအင်အရင်းအမြစ်များကို အစားထိုးသုံးစွဲရန် ကြိုးပမ်းနေကြရပြီဖြစ်သည်။ ထို့အပြင် မျက်မှောက်ကမ္ဘာ့ နိုင်ငံရေးအခြေအနေများနှင့် ရုပ်ကြွင်းလောင်စာစွမ်းအင် အကျပ်အတည်းများကလည်း ဒီဇယ်ဆီ၊ ဓာတ်ဆီသုံးမော်တော် ယာဉ်များအစား လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ ထုတ်လုပ်သုံးစွဲရန် တွန်းအားတစ်ရပ်ဖြစ်လာသည်။
Jan 25, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက် ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jan 25, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၂၆၀ ဦးအား ၎င်းကျေးရွာများရှိ ဗြဟ္မာဝိဟာရဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Jan 25, 2023
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိသည်။
Jan 25, 2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း NUG၊ CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကျိုက်ထီးရိုးဘုရားဖူးမြှော်ရန် လာရောက်သည့် မော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဘုရားဖူးမိဘပြည်သူ ၁ ဦး သေဆုံးပြီး ၇ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Jan 25, 2023
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်သည် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ(ရန်ကုန်)၌ တွေ့ဆုံသည်။
Jan 25, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၄-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၈၇၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၃) ရာခိုင်နှုန်းရှိပါသည်။
Jan 25, 2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ်၊ ကမ်းနီကျေးရွာရှိ နေအိမ် ၁ လုံးအား KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဇန်နဝါရီ ၂၄ ရက်တွင် အကြောင်းမဲ့လာရောက် မီးရှို့ဖျက်ဆီးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
Jan 25, 2023
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
Jan 25, 2023
City Taxi ယာဉ်များ၏ ဘေးစတေကာနံပါတ်များအား မြို့နယ်အလိုက် အခြေခံသတ်မှတ်ထားသည့် သင်္ကေတအမှတ်အသားနံပါတ်များဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ပြောင်းလဲပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။
Jan 25, 2023
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီးကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား KNDO တပ်ရင်း(၆)မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက်အစောပိုင်းတွင် အကြောင်းမဲ့လာရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Jan 25, 2023
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်အမည် ကျောက်စိမ်းကမ္ပည်း မော်ကွန်းတင်ဖွင့်ပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ကျောင်းသား ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။
Jan 25, 2023
တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် (ဒုတိယအကြိမ်)ဖြင့် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသော တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ထိုင်းနိုင်ငံ လူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Chuti Krairiksh အား ယနေ့ ဒေသစံတော်ချိန်မွန်းလွဲ ၃ နာရီတွင် သွားရောက်တွေ့ဆုံသည်။
Jan 25, 2023
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (၂၀၂၃ ခုနှစ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
Jan 25, 2023
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်များရရှိသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်ဆက်ကပ်ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ မြစေတီစာသင်တိုက်ရှိ မြမဟာဓမ္မ ဗိမာန်တော်ကြီး၌ ပြုလုပ်ရာ မြစေတီစာသင်တိုက် ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူး ပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ တာဝန်ရှိသူများနှင့် ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့်လူပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jan 25, 2023
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ယနေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကို အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချသည်။
Jan 25, 2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 25, 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အဖွဲ့သည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်) Assessment Center သို့ ရောက်ရှိပြီး အကူသူနာပြုကျွမ်းကျင်အဆင့် (၂) (Nurse Aid Level-2) အလုပ်အကိုင်အတွက် ဖြေဆိုသူ ၁၄ ဦးကိုအမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ရေးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။