Skip to main content

လေးဝတီပညာရေးရိပ်သာတွင်နေထိုင်၍ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ၂၀၂၃ ဇူလိုင် ၁၉

အနောက်ပိုင်းတိုင်းစစ်ဌာချုပ်၊ စစ်တွေတပ်နယ်ရှိ လေးဝတီပညာရေးရိပ်သာတွင်နေထိုင်၍ စစ်တွေတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်းများ၌ တက်ရောက်ပညာသင်ကြားလျက်ရှိသော တိုင်းစစ်ဌနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို အဆိုပါလေးဝတီပညာရေး ရိပ်သာခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ရိပ်သာဝန်းအတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်ပြုပြင်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် နေထိုင်စားသောက်ရေး စီစဉ်ဆောင်ရွက်ပေးထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။