Jan 21, 2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိမင်္ဂလာခန်းမတွင် ကျင်းပသည်။
Jan 21, 2023
မြန်မာနိုင်ငံ MSME လုပ်ငန်းများ၏ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စက်မှုဝန်ကြီးဌာနမှ အရာထမ်းများတက်ရောက်ကြသည်။
Jan 21, 2023
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ထိုင်ကြည့်စစ်ကြောင်း၊ ဂုဏ်ပြုယာဉ်နှင့်ပြခန်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရဲရွာခန်းမ၌ ကျင်းပသည်။
Jan 21, 2023
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုဂုဏ်ပြုယာဉ်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းနှင့် ကဏ္ဍအသီးသီးတို့၌ ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁)၌ ကျင်းပသည်။
Jan 21, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီးရုံး အဆောက်အဦတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ရန်ကုန်တိုင်းရုံး ဖွင့်လှစ်မည့်နေရာကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
Jan 21, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့စာတိုက်လုပ်ငန်း၏ စာရွေးစာပို့စခန်း (ရန်ကုန်)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Call Center ၊ မင်္ဂလာဒုံမြို့နယ်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးချုပ်နှင့် မြန်မာအမျိုးသားလေကြောင်းရုံးချုပ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 21, 2023
ပြည်ပသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေးများတက်ရောက်ခဲ့သော အရာထမ်း/အမှုထမ်းများက အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Jan 21, 2023
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကြိုးမာန်တက်ပါဝင်ခဲ့ကြသည့် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိရုံးအမှတ်(၁၃)၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 21, 2023
မျက်မှောက်ကာလ၌ အအေးပိုနေသည်မှာ ရာသီဥတုဖောက်ပြန်ခြင်းမဟုတ်ဘဲ မြန်မာတို့၏ ရာသီသဘာဝဆောင်းကာလ၏ အတွေ့အထိကို ပီပြင်ခံစားနေရခြင်းသာဖြစ်သည်။ လွန်ခဲ့သည့်နှစ်များက ရာသီဥတုပြောင်းလဲသည့်ဖြစ်စဉ်များနှင့် တွေ့ကြုံခဲ့ရသော်လည်း ယခုကာလတွင် နွေ၊ မိုး၊ ဆောင်းဥတုသုံးလီကို ပီပြင်စွာကြုံတွေ့ခံစားရသဖြင့် ကောင်းခြင်းလက္ခဏာပင်ဖြစ်သည်။ ဥတုရာသီကောင်းမွန်ခြင်း၊ ဆန်ရေစပါးပေါများခြင်းသည် တိုင်းပြည်သာယာဝပြောသည့် လက္ခဏာဖြစ်၏။
Jan 21, 2023
ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံမြို့နယ် လွိုင်မွေတောင်စခန်းတွင် ချယ်ရီပန်းပွဲတော် (၂၀၂၃)ကို ဇန်နဝါရီလ ၁၉ ရက်မှ ၂၃ ရက်အထိ ငါးရက်ကြာ ကျင်းပလျက်ရှိသည်။ ချယ်ရီပန်းများပွင့်သည့် ရာသီတွင်သာ စိတ်နှလုံးကြည်နူးဖွယ်ခံစားရရှိနိုင်သည့် သဘာဝအလှအပများနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများ၊ ဒေသထွက်ကုန်များနှင့် အစားအစာများကိုအခြေခံကာ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်မှုများဖြင့် ကျိုင်းတုံနှင့် လွိုင်မွေသည် ချယ်ရီမြို့တော်၊ ချယ်ရီမြေအဖြစ် ထင်ရှားကျော်ကြားလာမည်ဖြစ်သကဲ့သို့ ချယ်ရီပန်းသည်လည်း လွိုင်မွေ၏ အထိမ်းအမှတ်သင်္ကေတဖြစ်လာမည်ဖြစ်သည်။ ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိတို့ဒေသ၏ အထိမ်းအမှတ်ချယ်ရီပင်များကို ထိန်းသိမ်းပြုစုခြင်း၊ တိုးချဲ့စိုက်ပျိုးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးအောင်ထိန်းသိမ်းခြင်း၊ ရိုးရာယဉ်ကျေးမှုများ မပျောက်မပျက်အောင် ဖော်ထုတ်မြှင့်တင်ခြင်းဖြင့် ရေရှည်တွင် ကမ္ဘာကျော်သည်အထိ အောင်မြင်ထင်ရှားလာမည်ဟု ယုံကြည်မိသည်။
Jan 20, 2023
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေးဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကိုဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သောဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာရုံးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအားလုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။
Jan 20, 2023
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Jan 20, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jan 20, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအား သံတွဲမြို့ရှိ Pristine Mermaid Resort ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးသည်။
Jan 20, 2023
မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ၏ ဇနီး Madame Budsakorn Srisawasdi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးတို့နှင့်အတူလိုက်ပါ၍ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ တန်ခိုးကြီးဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး အထင်ကရနေရာများသို့ သွားရောက်လေ့လာသည်။
Jan 20, 2023
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်ခဲ့သည့် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi နှင့် ဇနီး Madame Budsakorn Srisawasdi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ယနေ့ညပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေရှိ Jasmine Ngapali Resort ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
Jan 20, 2023
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting ကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ Jasmine Ngapali Resort ၌ ကျင်းပပြုလုပ်သည်။
Jan 20, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၉-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၄၂၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၆)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၁၈) ရာခိုင်နှုန်းရှိပါသည်။
Jan 20, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။