Skip to main content

Jan 22, 2023

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကိုဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာရုံးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအားလုယက်ခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ နန်ချိုရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2023

တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ် (ဒုတိယအကြိမ်) ဖြင့် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Wiraphong Rhitrot နှင့်အဖွဲ့အား ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ချင်းမိုင် အပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အဆိုပါဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြစ်ကမ်းသာယာလှပရေး၊ မြစ်ကမ်းထိန်းသိမ်း ရေးလုပ်ငန်းနေရာများနှင့် မင်္ဂလာတောင်ညွန့် မြို့နယ် ရန်ကုန်ဘူတာကြီးရှိ ပြုပြင်ပြီးစီးသော RBE ရထားတွဲများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည် အထိမ်းအမှတ် သားကောင်းတမန်မဂ္ဂဇင်း (၂၀၂၂) ခုနှစ် ထုတ်ဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်၊၊

ဆက်လက်ဖတ်ရှုရန်

Jan 22, 2023

ခရီးသွားလုပ်ငန်း သုတေသနစင်တာ လက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများ အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2023

(၂၀၂၃) ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲ ပိတ်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2023

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ဇန်နဝါရီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့တွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သီးခြားတွေ့ဆုံ၍ တပ်မတော်နှစ်ရပ်အကြား ရှေ့ဆက်ဆောင်ရွက်ကြမည့်ကိစ္စများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 22, 2023

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့သည် တရုတ်ရိုးရာလ ပြက္ခဒိန်အရ ကျားနှစ်မှ ယုန်နှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးနေ့ဖြစ်သည်။ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းဟူ၍ ရာသီ လေးခုရှိသည့် တရုတ်နိုင်ငံတွင် နှစ်သစ်ကူးပွဲတော်သည် နွေဦးပွဲတော်လည်းဖြစ်ပြီး အားလပ်ရက်ရှည်ကာလလည်း ဖြစ်သည်နှင့်အညီ လှပခမ်းနားသည့် ပွဲသဘင်များ၊ မိသားစု စုံညီပြန်လည်တွေ့ဆုံကြသည့် ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် လွန်စွာစည်ကားလျက်ရှိသည့် အချိန်အခါလည်း ဖြစ် သည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2023

မြန်မာနိုင်ငံ၌အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် အထူးလေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ထိုင်းနိုင်ငံသို့ပြန်လည်ထွက်ခွာသွားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ရှိငပလီခန်းမ၌ သွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2023

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည့် ယနေ့တွင် ဝါးခယ်မမြို့နယ်၊ မရမ်းချောင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၂၉၉၃ ဦးအား ၎င်းကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2023

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ ကျီးကန်းပြင်နယ်မြေ၊ ဇင်ပိုင်ညာနယ်မြေ၊ မြင်းလွတ်နယ်မြေ၊ အင်းဒင်နယ်မြေ၊ ကြိမ်ချောင်းနယ်မြေများရှိ နယ်စပ်ဒေသ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ လုံခြုံရေးတပ်ဖွဲ့များ၏ လုံခြုံရေးဆောင်ရွက်နေမှုအခြေအနေများ၊ တပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး မိသားစုဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၀-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၁-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၂၂၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၅) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2023

စက်မှု၊ မြို့ပြနှင့်ကျေးလက်ဒေသပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်မှ ဒေသဆိုင်ရာအချက်အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများရှင်းလင်း တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2023

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သူနာပြု၊ သားဖွား၊ နှီးနွှယ်သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်များညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် Semi Virtual Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်