Skip to main content

မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေး အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ အငြိမ်းစားအရာရှိကြီးများအား ဂုဏ်ပြုဧည့်ခံပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၉

မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေး အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ အငြိမ်းစားအရာရှိကြီးများအား ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဆေးဝါးစက်ရုံ (အင်းစိန်) အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေး ဦးစီးကော်မတီ နာယက၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းပြုစုရေးအကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ အငြိမ်းစားအရာရှိကြီးများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့

အခမ်းအနားတွင် မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းပြုစုရေး ဦးစီးကော်မတီနာယက၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းစာအုပ်ပြုစုရာတွင် ၁၉၈၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၃၄ နှစ် တာကာလအတွင်း နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်အပြောင်းအလဲများ ဖြစ်ပေါ်တည်ရှိနေမှုအပေါ် မူတည်၍ မူဝါဒအပြောင်းအလဲများ ကြောင့် စက်မှုလက်မှုကဏ္ဍအပေါ် သက်ရောက်မှုများ၊ အပြောင်းအလဲများ၊ ကြုံတွေ့ခဲ့ရသည်များကို တွေ့မြင်မှတ်သားနိုင်ကြမည် ဖြစ်ကြောင်း၊ အပြောင်းအလဲ၊ ဖြစ်တည်မှု၊ အရွေ့များကိုအနာဂတ်လူငယ်များ လေ့လာမှတ်သားသိရှိနားလည်ပြီး သင်ခန်းစာရယူနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့၏အတွေ့အကြုံ၊ အတွေးအခေါ်နှင့် နည်းပညာအမွေအနှစ်များ ထည့်သွင်းပြုစုရေးဆွဲထားသည့် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းစာအုပ်မှ အထောက်အထား၊ အချက် အလက်များကို မျိုးဆက်သစ်လူငယ်များအနေဖြင့်ဖတ်ရှုပြီး စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းစာအုပ်ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြသည့် အတွေ့အကြုံပြည့်ဝသည့် ပညာရှင်ကြီးများ၊ မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေး ဦးစီးကော်မတီ၊ အကြံပေးအဖွဲ့၊ လုပ်ငန်းကော်မတီ၊ သတင်းအချက်အလက်ရှာဖွေစုဆောင်းရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ အထောက်အကူပြု အဖွဲ့၊ ရုံးအဖွဲ့၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

ဂုဏ်ပြုငွေများ ပေးအပ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေး အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ အငြိမ်းစားအရာရှိကြီးများအား ဂုဏ်ပြုငွေများပေးအပ်ပြီး အငြိမ်းစားအရာရှိကြီးများကိုယ်စား သိပ္ပကျော်စွာဒေါက်တာမျိုးသန့်တင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

သတင်းစဉ်