Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကာတာနိုင်ငံဒိုဟာမြို့တွင်ကျင်းပမည့် “Horticultural Expo 2023” တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းဆောင်ပါဝင်ပြသမည့်အစီအစဉ်များနှင့် ပတ်သက်၍မှာကြား

နေပြည်တော် ဩဂုတ် ၉

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ကာတာနိုင်ငံဒိုဟာမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၂၈ ရက်အထိ ခြောက်လကြာကျင်းပမည့် “Horticultural Expo 2023” တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းဆောင်ပါဝင်ပြသမည့် အစီအစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာပြခန်းဆောင် တာဝန်ခံအဖြစ်ဆောင်ရွက်မည့် Treasure Cap Group of Companies မှ တာဝန်ရှိသူများက မြန်မာပြခန်းဆောင် ဒီဇိုင်းရေးဆွဲထားမှု၊ ပြပွဲကာလအတွင်းထည့်သွင်းကျင်းပမည့်အစီအစဉ်များနှင့် ပြပွဲတွင်မြန်မာပြခန်းဆောင် အောင်မြင်စွာပါဝင်ပြသနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေ များကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များမှာကြားသည်။

အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်