Skip to main content

Feb 22, 2023

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ပခန်းငယ်) ၌ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူ များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိစဉ် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

KNLA အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသည့်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သမားများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ညနေ ၅ နာရီခန့်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာအတွင်းသို့ Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံး ကိုလည်းကောင်း၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် Drone ယာဉ် ၁ စီးဖြင့် Drop Bomb ၂ လုံးကိုလည်းကောင်း အသီးသီးပစ်ချဖောက်ခွဲခဲ့ရာ ဗုံးသီးများမှာကျေးရွာအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၄ ဦးတို့ ဗုံးစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရလူနာများအား ဘားအံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

မသမာသူများသည် လူပုဂ္ဂိုလ်အချို့၏ Bank Account များအတွင်းမှ နည်းပညာပိုင်းဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ငွေကြေးလိမ်လည် လွှဲပြောင်းထုတ်ယူမှုများ ကျူးလွန်လျက်ရှိသဖြင့် လူပုဂ္ဂိုလ်အချို့အနေဖြင့် ငွေကြေးဆုံးရှုံးနစ်နာမှုများ ဖြစ်ပွားလျက် ရှိသည်။ ထိုသို့ ငွေကြေးလိမ်လည်လွှဲပြောင်းထုတ်ယူသူ ဒုစရိုက်သမားများကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန် သူနိုင်ငံခြားသားများနှင့် ပူးပေါင်းကျူးလွန်သူ မြန်မာနိုင်ငံသား တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၁-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၂-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၃၈၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၅) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့ နယ်အတွင်းရှိ “ကန်ပိုက်တီ”မြို့ကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်(၁၁၀/၂၀၂၃)ဖြင့် “ကံပိုင်တည်” မြို့အဖြစ် အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

နေပြည်တော်ကောင်စီကကြီးမှူး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်ဇနီးတို့အမှူးပြုသော မိတ်ဆွေသင်္ဂဟများကလှူဒါန်းသည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်အဆူ ၄၃၂၀ တို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယကစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် စပိန်နိုင်ငံမဒရစ်မြို့၌ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၄ ရက်အထိ ကျင်းပမည့် World Federation of Engineering Organizations Executive Committee Meeting, Madrid Conference and World Engineering Day 2023 Ceremony များသို့တက်ရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ် ဦးဆောင်သော မြန်မာအင်ဂျင်နီယာကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ-၂ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သောပူးပေါင်းအဖွဲ့က သတင်းအရ ထားဝယ်မြို့ ကျောက်မော်ရပ်ကွက် ကျန်းမာရေးလမ်း၌ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်တွင် ရော်ဘာချေးများဖြင့် ဖုံးအုပ်လျက်သယ်ဆောင်လာသော တရားဝင်စာရွက် စာတမ်းအထောက်အထား တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် ခဲမဖြူ/ အဖြိုက်နက် ခဲသတ္တု ပိဿာ ၃၀၈၀ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၄၀၀၀၀၀နှင့် အဆိုပါ ခဲသတ္တုများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆၄၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္တုတွင်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

မသမာသူများသည် လူပုဂ္ဂိုလ်အချို့၏ Bank Account များအတွင်းမှ နည်းပညာပိုင်းဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ငွေကြေးလိမ်လည်လွှဲပြောင်းထုတ်ယူမှုများ ကျူးလွန်လျက်ရှိသဖြင့် လူပုဂ္ဂိုလ်အချို့ အနေဖြင့် ငွေကြေးဆုံးရှုံးနစ်နာမှုများ ဖြစ်ပွားလျက်ရှိသည်။ ထိုသို့ငွေကြေးလိမ်လည် လွှဲပြောင်းထုတ်ယူသူ ဒုစရိုက်သမားများကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသားများနှင့် ပူးပေါင်းကျူးလွန်သူ မြန်မာနိုင်ငံသားတရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့တွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းနှင့်အားကစားရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဗဟိုကြီးကြပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၁) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ဒဂုံမြို့နယ်အမှတ် ၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် စစ်ကိုင်းတိုင်းဒေသကြီး တိုင်း/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတို့မှ ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)မှ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာသိပ္ပံ (မုံရွာ)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများ နှင့်အတူ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် လျှပ်စစ်သုံးယာဉ် များ ပြေးဆွဲ/အသုံးပြုရေးအတွက် Yangon Aerodrome Co.,Ltdမှ ဆောက်လုပ်မည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Charging Station တည်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2023

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန်အတွက် မဏ္ဍိုင်တစ်ရပ်ဖြစ်သည့် ကျောက်ခေတ်ဆိုင်ရာ အထောက်အထားများဆွေးနွေးပွဲကို ယနေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်