နေပြည်တော် ဩဂုတ် ၁၈
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့၌ ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်နှင့်တွေ့ဆုံပြီး နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဆိုင်ရာကိစ္စ ရပ်များ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရခိုင်ပြည်နယ်ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရေးဆွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ သည်။
ထောက်ပံ့ငွေများပေးအပ်
ထို့နောက် ဒုတိယဝန်ကြီးသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာန/အဖွဲ့ အစည်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍လက်ရှိ ဘဏ္ဍာရေးနှစ်အတွင်းလျာထားသည့် စီမံကိန်းများကို ထိရောက်စွာအကောင်အထည် ဖော်ဆောင်ရွက်ရန်၊ စာရင်းဇယားမှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ နိုင်ငံ့ဘဏ္ဍာငွေ သုံးစွဲမှုများ စနစ်တကျဖြစ်စေရန်၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို မြေပြင်ကွင်းဆင်းစိစစ် ခြင်းများ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ထမ်းဆောင်နိုင်ရေး တို့ကို မှာကြား၍ ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအတွက် ဝန်ကြီးဌာနမှပံ့ပိုးပေးသည့် ထောက်ပံ့ငွေများပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ယနေ့ နံနက်ပိုင်းတွင်ဒုတိယဝန်ကြီးသည် မိုခါမုန်တိုင်းကြောင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှုများအတွက် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူဗဟိုပြုစီမံကိန်း များရေးဆွဲနိုင်ရေး၊ နိုင်ငံတော်မှချမှတ်ထားသည့် ဦးတည်ချက်များကို စီမံကိန်းများနှင့် ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးတို့အတွက် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်