နေပြည်တော် ဩဂုတ် ၁၈
(၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ နှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/ သွင်းကုန်ကုန်စည်ပြပွဲနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း မြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် Green Lake Hotel ၌ China Media Group နှင့် Phoenix ရုပ်သံဌာနတို့အား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်