Skip to main content

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် အဖွဲ့အား ယနေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။

ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အကြား ကျန်းမာရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် နိုင်ရေး Regional Agreement လက်မှတ်ရေးထိုးရေး၊ ICRC မှ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ခြေတုလက်တုထုတ်လုပ်တပ်ဆင်ရေး၊ ICRC အဖွဲ့မှ အပြည်ပြည်ဆိုင်ရာဝန်ထမ်းများ၏ ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားရောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

 သတင်းစဉ်