Feb 26, 2023
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် အဋ္ဌမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီတွင် သမဝါ ယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်) ဘက်စုံသုံး ခန်းမ၌ ကျင်းပသည်။
Feb 26, 2023
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို ကြည့်ရှုစစ်ဆေးရာ ပါမောက္ခချုပ် ဒေါက်တာမီမီခင်က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယ ပါမောက္ခချုပ်များနှင့် မဟာဌာနမှူးများက ဖြည့်စွက်တင်ပြကြသည်။
Feb 26, 2023
ဆီထွက်သီးနှံ နေကြာလျာထားဧကပြည့်အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် မျိုးစေ့ဖူလုံရေးအစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်ကွင်းဆက်အားလုံး အချိတ်အဆက်မိမိဆောင်ရွက်ရန်လိုကြောင်း၊ မိဘမျိုးစေ့အပါအဝင် မျိုးသန့်မျိုးပွားခြင်းလုပ်ငန်းအဆင့်ဆင့်မှ စီးပွားဖြစ်စိုက်ပျိုးထုတ် လုပ်ခြင်းအထိ မျိုးစေ့စီးဆင်းမှုစနစ် မှန်ကန်ကောင်းမွန်စေရေး ဝိုင်းဝန်းကြိုးပမ်းကြမှသာ တစ်နိုင်ငံလုံးနေကြာဧက ၁ ဒသမ ၅ သန်း စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး မျှော်မှန်းချက်အောင်မြင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားသည်။
Feb 26, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်ရှိ မြန်မာမန္တလေးဖူရှင်း စတီးလ်စက်ရုံသို့ ရောက်ရှိစစ်ဆေးရာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပုဂ္ဂလိကစက်မှု မှတ်ပုံတင်ဥပဒေအရ စက်ရုံများ မှတ်ပုံတင်ထုတ်ပေးခဲ့မှု၊ စက်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်၊ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
Feb 26, 2023
မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသဖြင့် စီးပွားရေးကဏ္ဍ တွင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိသည်။ ဆန်စပါးထုတ်ကုန်သည် မြန်မာနိုင်ငံအတွက် အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည်။ ယခုရက်ပိုင်း၌ ဆန်ဈေးနှုန်း အတက်ဘက်သို့ ရောက်လာသည်။ မိုးစပါး၊ နွေစပါး ပေါ်ဦးပေါ်စတွင် ဆန်ဈေးနှုန်း အတက်ဘက်တွင် ဖြစ်လေ့ရှိသော်လည်း ယခုဆန်ဈေးနှုန်းမှာ ယခင်ကာလတူထက် ပိုမိုမြင့်တက် လျက်ရှိသဖြင့် အခြေခံပြည်သူများ နစ်နာမှုမဖြစ်စေရန် အလေးထားဆောင်ရွက်ရမည် ဖြစ်သည်။
Feb 26, 2023
မြန်မာတို့၏ နေ့စဉ်အဓိက အစားအစာမှာ ဆန်နှင့်ဆီ ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန်းစစ်ကြည့်လျှင် ဆန်ဖူလုံ၍ ပိုလျှံသော်လည်း ဆီမဖူလုံသဖြင့် ပြည်ပမှတင်သွင်းနေရသည်။ ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်နိုင်သည့် မြေ၊ ရေနှင့် လူသားအရင်းအမြစ်များ ပြည့်စုံစွာ ရှိနေသော်လည်း ပြည်တွင်းဆီလိုအပ်ချက်ကို ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုက ရာနှုန်းပြည့် မဖြည့်ဆည်းနိုင်ခြင်းကြောင့် နှစ်စဉ် ပြည်ပမှ စားသုံးဆီတန်ချိန် ရှစ်သိန်းခန့် တင်သွင်းနေရ ခြင်းဖြစ်ရာ နိုင်ငံတော်အစိုးရက ပြည်တွင်းစားသုံးဆီတိုးမြှင့် ထုတ်လုပ်ရေးနှင့် စားသုံးဆီဖူလုံရေးတို့အတွက် မူဝါဒချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။
Feb 25, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 25, 2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့်ဒေသခံပြည်သူများအား ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ညောင်နှစ်ပင်ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Feb 25, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ သိန်းနီမြို့ရှိစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော် (သိန်းနီဟော်နန်း) အား ပြန်လည်တည်ဆောက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက လားရှိုးမြို့နှင့် သိန်းနီမြို့ရှိဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟော်နန်းပြန်လည်တည်ဆောက်မှု ပူးပေါင်းရွက်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Feb 25, 2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) စစ်တွေသာသနာပိုင်၏ နယ်စီးသာသနာပိုင်ကြီး ဒေါက်တာဂျိမ်း (စ်) မင်းဒိန်နှင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့မှ အသင်းအုပ်၊ အသင်းထောက်ဆရာတော်များနှင့် အသင်းဝင်များအား ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် ပြည်နယ်ဝန်ကြီးများက စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းရှိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) ကသီဒြယ်ဘုရားကျောင်း၌ တွေ့ဆုံ၍ ဘုရားကျောင်းအတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။
Feb 25, 2023
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင်ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။
Feb 25, 2023
[ ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်) စနေနေ့]
Feb 25, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၄-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၂၃၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၂) ရာခိုင်နှုန်း ရှိပါသည်။
Feb 25, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ တေရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
Feb 25, 2023
ကမ်းခြေဒေသများသန့်ရှင်းသာယာလှပပြီး ပြည်တွင်း/ ပြည်ပခရီးသွား ဧည့်သည်များ ယင်းဒေသများသို့ တိုးတက်ဝင်ရောက်လာရေးနှင့် ကမ်းခြေဒေသခရီးသွားလုပ်ငန်းများ စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက်နေစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ ဟိုတယ်နှင့်ခရီးသွားအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ငပလီကမ်းခြေဒေသ Aureum Palace ဟိုတယ်၌ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ရခိုင်ဇုန်)၊ ဟိုတယ်လုပ်ငန်းရှင် များ၊ ဟိုတယ်များမှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Feb 25, 2023
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် သမန်းတောကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Feb 25, 2023
မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် မြန်မာ-ရုရှား ဆေးဝါးကောင်စီထူထောင်ရေးကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Feb 25, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့်အတူ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံပံ့ပိုးမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာန (Myanmar Centersfor DiseaseControland Training Center for Medical Staff- Myanmar CDC) တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Feb 25, 2023
ပြည်တွင်းစားသုံးဆီတိုးမြှင့်ထုတ်လုပ်ရေးနှင့် စားသုံးဆီဖူလုံရေးကိစ္စများနှင့်စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ကျင်းပသည်။
Feb 25, 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ (၁/၂၀၂၃)အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။