Skip to main content

Feb 27, 2023

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ရုံးဌာနများသို့ သွားရောက်ကြည့်ရှုပြီး စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ပူးပေါင်းအဖွဲ့က ဘားအံမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော Lactasoy ဖာ ၄၀၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Higer Express Bus တစ်စီးနှင့် Yutong Express Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် Single Side Decorative Laminates Paper ၆၉၀၀ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၂၂၄၇၀၅)၊ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော Brake Lever ၁၁၂၅ ကီလိုဂရမ်၊

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး အဆိုပါရုံးအစည်းအဝေးခန်း၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

နိုင်ငံတော်ရှေ့လုပ်ငန်းစဉ်၏ ဒုတိယအချက်ဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်” အချက်သည် ပြည်သူ လူထုအကျိုးစီးပွားအတွက် ဦးစားပေးရည်မှန်းချက်ဖြစ်သည်။ တိုင်းပြည်သာယာဝပြောရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာ၌ တည်ငြိမ်အေးချမ်းရေးသည် အဓိကကျသဖြင့် ယင်းအချက်ကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းနှင့် OWIC ခေါ် Overseas Worker Identity Card လျှောက်ထားခြင်းများနှင့်စပ်လျဉ်း၍ ပွဲစားများ/အေဂျင်စီများထံ ဝန်ဆောင်ခအဖြစ် ငွေကြေးအဆမတန်ပေး၍ လုပ်ငန်းအပ်နှံခြင်းမပြုဘဲ မိမိကိုယ်တိုင် တင်ပြလျှောက်ထားကြရန် သက်ဆိုင်ရာဌာနဖြစ်သည့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အများပြည်သူသိရှိနိုင်ရန် အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။ အလားတူပင် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက မြန်မာနိုင်ငံကူးလက်မှတ်များကို Online Booking စနစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)၌ ကျင့်သုံးဆောင်ရွက်ပေးနေပြီဖြစ်ကြောင်းနှင့် မည်သူမဆို လွယ်ကူစွာလျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင်၍ လျှောက်ထားခြင်းမပြုရန် သက်ဆိုင်ရာဌာနက မီဒီယာမှတစ်ဆင့် အများပြည်သူထံသို့ အသိပေးပန်ကြားချက်ထုတ်ပြန်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်နယ်ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နန္ဒာရာမပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကအဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တ နန္ဒသီရိအား ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ဗဟိုမှ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ သံဃာတော် ၆ ပါးတို့အား မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းနှင့် ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ထန်းတပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာရှိ ရတနာသိင်္ဂီကျောင်းတိုက်၌ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာ နာယကဒုတိယဥက္ကဋ္ဌ ကျောက်မဲမြို့သီဟိုဠ်ပရိယတ္တိ စာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဗဟိုမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၅-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၂-၂၀၂၃) ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၅၀၃) ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၄) ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ(၀.၁၁)ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ တေရသမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးရဲမြင့်မောင်၊ ဗဟိုအလုပ်အမှုဆောင် ဦးတင်ကိုကို၊ ဦးစိုးနိုင်တို့ကို မြန်မာနိုင်ငံ အော်တိုမိုတစ်အသင်းဥက္ကဋ္ဌ ဦးခင်ထွန်း၊ ဘဏ္ဍာရေးမှူး ဦးစိန်လွင်တို့ ဦးဆောင်သောအဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်က လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်း ရှိကုန်သည်/စက်မှု အသင်းချုပ်ရုံး၌ လာရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ဝေဇယန္တာလမ်းတွင် ရပ်တန့်ထားသည့် Nissan AD Van အမျိုးအစား မော်တော်ယာဉ်နှင့်အတူ မျိုးခိုင်ဇော်၊ ချမ်းသာနှင့် ကိုကိုနိုင်တို့ သုံးဦးကိုတွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၆၀၀၀ ကို လည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲနှင့် အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီးရုံး)ရှိ ကုန်သွယ်မှုသင်တန်း ကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ ကင်းတား ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံစီမံကိန်း၊ ကင်းတားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၉၃) အနီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 26, 2023

၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG ၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊ ခြောက်လှန့်မှုတို့ကြောင့် အချို့သောကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံသားများသည် EAO များ တည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့်  တိမ်းရှောင်နေကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်