နေပြည်တော် ဩဂုတ် ၂၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်သည့် ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ဝန်ထမ်းသက်သာ အရောင်းဆိုင်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုင်အတွင်းလှည့်လည်ကြည့်ရှုသည်။ အဆိုပါ အရောင်းဆိုင်တွင် ဝန်ထမ်းများအနေဖြင့် ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ကုလားပဲခြမ်း၊ ကြက်ဥ၊ ငြုပ်၊ ဆား အစရှိသော အခြေခံစားသောက်ကုန်များကို ပြင်ပဈေးနှုန်းထက်သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည့်အပြင် ရေထွက်ကုန်ပစ္စည်းများနှင့် အခြားစားသောက်ကုန်များကိုပါ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ဝန်ထမ်းသက်သာအရောင်းဆိုင် ဖွင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်