Skip to main content

Nov 03, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ သမဝါယမအသင်းစုချုပ်ပိုင် နို့ချက် စက်ရုံ သို့ ရောက်ရှိပြီး ရပ်နားထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည့် စက်ရုံအား အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီအစည်းအဝေး (၁၅/၂၀၂၁) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

တက္ကသိုလ်၊ ကောလိပ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေးတက္ကသိုလ် အင်းဝဆောင်ခန်းမ၌ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၅/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

မြန်မာနိုင်ငံ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးအဖြေရှာ စကားဝိုင်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု ကွင်းအမှတ်(၇၀ (ခ)ဦးပိုင်အမှတ်(၅၆ /၄) ရွာကြီးအင်းကွင်း၊ ဧရိယာ (၆.၅၈) ပေါ်ရှိ ဒသမ(၁၀) ဧရိယာ တောင်သူ ဦးအောင်မြင့် လယ်မြေတွင် မိုးစပါး အထွက်နှုန်း မှန်ကန်စေရေးကို ရည်ရွယ်ပြီး နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင် ဦးဆောင်ပြီး ဆင်းသုခမျိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို ကွင်းဝန်ထမ်းများက ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ) ခြောက်လပတ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ ဖြန့်ဝေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ စိန်နဂါးကြွေမြေ ဖန်ထည်စက်မှုကုန်ထုတ် သမဝါယမအသင်းသည် သဘာဝဓာတ်ငွေ့ အသုံးပြု၍ မီးခံအုတ်၊ လျှပ်စစ်သုံးကြွေသီးမျိုးစုံ၊ မီးခံမြေမှုန့်များ၊ ဘိုင်အိုဒီဇယ်သုံးဖန်ပုလင်းများ၊ ဆေးဝါး စက်ရုံသုံး ဆေးပုလင်းများနှင့် အလှဆင်ဖန်ထည်ပစ္စည်းတို့ကို ထုတ်လုပ်လျက်ရှိပြီး နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ဆေးဝါးစက်ရုံ များနှင့် ပုဂ္ဂလိကစက်ရုံများသို့ ရောင်းချဖြန့်ဖြူးလျက်ရှိသည်။ ယခုအခါ ကိုဗစ်-၁၉ ကာလအပြီး ပြန်လည်ထူထောင်ရေး ကာလတွင် မီးခံအုတ်နှင့် ကြွေသီးထုတ်လုပ်သည့်လုပ်ငန်းများအနက် မီးခံအုတ်ဖုတ်သည့်လုပ်ငန်းကို ပြန်လည်ဆောင်ရွက်လျက်ရှိပြီး အုတ်ဖိုရုံနှစ်ရုံမှ တစ်လလျှင် မီးခံအုတ်ရေ ၃၂၀၀၀ လုံးခန့် ထုတ်လုပ်လျက်ရှိကြောင်းနှင့် ပိုမိုထုတ်လုပ်ရောင်းချနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ပုံနှိပ်ထုတ်ဝေသော ၂၀၂၂ ခုနှစ် ရုံးသုံးပြက္ခဒိန်ကို ဖြန့်ချိရောင်းချနေပြီ ဖြစ်သည်။ ၂၀၂၂ ခုနှစ် ရုံးသုံးပြက္ခဒိန်ကို စက္ကူဖြူ၊ ချောဖြင့် တစ်စောင်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (တ-၅၅) သပြေကုန်းဈေး၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/ ၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင် အမှတ်-၁၅၉၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ ဖုန်း၀၂-၄၀၃၀၁၈၆ နှင့် မြို့နယ်အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဆက်သွယ်ဝယ်ယူရရှိနိုင်ပြီး ရုံးဌာန များနှင့်အသင်းအဖွဲ့များမှ လက်ကား ဝယ်ယူလိုပါက အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁၂၄၉၀၃၁၊ ၃၈၁၄၄၈ တို့သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီတစ်ခုမှ Ascortain-CVitamin C 500 mg ၄၉၇၃ ခု၊ Zinda-20 mg Tablet ၂၉၆၇ ခု၊ ရန်ကုန်ဆိပ်ကမ်းများမှ Medical Equipment ၂၈၄၈ ခု၊ Oxygen Generator တစ်ခုı Oxygen Plant Spare Part ငါးခုနှင့် ဆေးဝါးမျိုးစုံ ၅၁ မျိုး (၁၅၅၆၁၄ ဒသမ ၀၇ Kg) ၊ နယ်စပ်မြဝတီ၊ ချင်းရွှေဟော်တွင် ကုမ္ပဏီငါးခုမှ Mask ၃၀၇၉၈ Kg၊ Liquid Oxygen ၂၀ m3 ၊Vitamin B Complex Softgel Capsules ၅၇၇၂၀၊ Vitamin C Tablets ၉၄၄၀၊ Sodium Chloride Injection ၃၃၈၈၈၀၊ Glucose Injection ၁၂၆၂၄၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူဝယ်ယူ နိုင်ရေးနှင့် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည် လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက် အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူး ရောင်းချသောကုမ္ပဏီ ခြောက်ခုမှ အိမ်သုံးဆေးဝါး ၈၆ မျိုးကို ရောင်းချပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

အကြမ်းဖက်အဖွဲ့ဖြစ်သည့် NUG အဖွဲ့သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ငန်းများကို စတင်ဆောင်ရွက်ရန် စက်တင်ဘာလ ၇ ရက်တွင် ကြေညာခဲ့ပြီးနောက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အချို့ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို ဦးတည်လုပ်ဆောင် လျက်ရှိသည်။ ထိုသို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာတွင် ဒေသခံပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေးကိစ္စရပ်များ အတွက် အလေးထားအသုံးပြုလျက်ရှိသော လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်စေ၍ မြို့၊ ရွာများတွင် မနေထိုင်ရဲစေရေး မြို့၊ ရွာများအား မီးရှို့ဖျက်ဆီးခြင်းများအပြင် ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း တို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခန့်တွင် လုံခြုံရေးပူးပေါင်း အဖွဲ့သည် ဒေါပုံမြို့နယ်နှင့် လှိုင်မြို့နယ်များတွင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ရေးနှင့် ဖောက်ခွဲ ဖျက်ဆီးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော တရားခံများ သင်္ဃန်းကျွန်း မြို့နယ်၊ နနွင်းကုန်း ရပ်ကွက်၊ ဣစ္ဆာသယလမ်း၊ သုမင်္ဂလာအိမ်ရာ၊ ၃ လွှာ၊ အခန်း (၃၀၁)၊ တိုက်အမှတ်(၁)၌ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ နိုင်ရဲထွန်း(၂၉)နှစ်၊ လင်းထက်ဆန်း (၃၁)နှစ်၊ နန္ဒအောင်လင်း(၂၃)နှစ်၊ ဇင်မင်းထက်(၁၈)နှစ်၊ မင်းဟိန်းခန့်(၁၉)နှစ်၊ ဆုမြတ်ထွေး (၂၃)နှစ်၊ ဇင်ကိုဟိန်း (၂၇)နှစ်၊ ရဲလင်းအောင်(၃၇)နှစ်၊ ဖန်မှူးအိမ် (၁၇)နှစ်တို့ ၉ ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရေှာက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ ကျုံပျော်မြို့၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေတောင်မြို့နှင့် ပေါင်းတည်မြို့တို့၌ ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်ဘူတာကြီးမှ သတင်းနှင့်ပြန်ကြားရေးတွဲဖက်ဖြစ်သူ ဦးထိန်ဝင်း(ခ)ရန်ကင်းမောင်သည် ဗိုလ်တစ်ထောင်မြို့နယ်၊ ဝန်ထမ်းအိမ်ရာမှ တိုင်း(၆) ရုံးသို့ ဗိုလ်မင်းရောင်လမ်းအတိုင်း မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ယာဉ်အမှတ်(စိစစ်ဆဲ)ပေါ်မှ ဆင်းလာသူ အကြမ်းဖက်သမား ၁ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်