Skip to main content

Nov 03, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉) လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းတွင် “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က တစ်အနေနဲ့ တစ်နိုင်ငံလုံးသာယာဝပြောမှုရှိရမယ်။ နှစ်အနေနဲ့ကတော့ စားရေရိက္ခာပေါများရမယ်ဆိုပြီး ရည်ရွယ်ပြီးဆောင်ရွက်နေတာရှိပါတယ်။ ဒါကြောင့် ဒီစိုက်ပျိုးရေးနဲ့ မွေးမြူရေးထုတ်ကုန်တွေကို ဒီထက်ပိုပြီးတော့ထွက်အောင်လို့ နိုင်ငံတော်အစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံကနေ ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့သည့် (၉) လပြည့် မိန့်ခွန်းတစ်နေရာတွင် ပြည်သူများ စားသုံးမှုပုံစံပြောင်းလဲရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုက်တွန်းပြောကြားခဲ့သည်။ စားနပ်ရိက္ခာ ထုတ်လုပ်သည့်နိုင်ငံမှ နိုင်ငံသူနိုင်ငံသား ပြည်သူများဖြစ်ပါလျက် မိရိုးဖလာစားသုံးမှုပုံစံကြောင့် အာဟာရရရှိမှုနည်းပါးပြီး ကျန်းမာရေးချို့တဲ့မှုများ လျော့နည်းပပျောက်ရေးအတွက် တိုက်တွန်းခဲ့ခြင်းလည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းတို့မှ တင်သွင်းရာ၌ကုမ္ပဏီ (၂)ခုမှ ယာဉ်စီးရေ (၅)စီးဖြင့်၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (Oxygen Generator(၁)ခုနှင့် နှာခေါင်းစည်း (Mask) (၃၂) တန်တို့ ကိုတင်သွင်းခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သည် ယနေ့ နံနက် ၇ နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်အနီး၊ (၁၃၁)ရပ်ကွက်၊ ရေသန့်လမ်းရှိ ရန်ကုန်မြို့တော် ရေပေးဝေရေးဇုန် (၇) ရေစုကန်နှင့် ရေတွန်းစက်ရုံသို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် မြောက်ဦးဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MRAUK-U COM) ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (ရန်ကုန်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်မ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့(ASEANSAI)၏ (၆)ကြိမ် မြောက် ထိပ်သီးအစည်းအဝေး (6th ASEANSAI Summit) ကို ယနေ့နံနက် ၈ နာရီခွဲတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဦးဆောင်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အထူးဧည့်သည်တော် အဖြစ် Video Message ပေးပို့ မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

နိုင်ငံသားများ၏ လူမှုဘဝပြည့်စုံနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

ပြည်တွင်းစားသုံးမှု ဖူလုံရေး၊ အသားငါးကဏ္ဍဆိုင်ရာ ပို့ကုန်တိုးမြှင့်ရေးအတွက် မွေးမြူထုတ်လုပ်မှု စနစ်၊ တိရစ္ဆာန်အစာကျွေးမွေးမှုစနစ်နှင့် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ် တားဆီးနှိမ်နင်းရေး စနစ်များကို ခေတ်ကာလနှင့်အညီဖြစ်စေရေး ပြောင်းလဲကျင့်သုံးနိုင်ရန် မိမိတို့ဝန်ကြီးဌာနက အားပေးကူညီလျှက်ရှိသကဲ့သို့ မွေးမြူထုတ်လုပ်မှုလုပ်ငန်း ကွင်းဆက်တစ်လျှောက်ရှိ သက်ဆိုင်သူ အားလုံးတို့ကလည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အသားငါး ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က တာဝန်ရှိသူများ အား ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ နိုဝင်ဘာ ၁ရက်မှ စတင်၍ အခြေခံပညာ ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော် ရွှင်စွာ ပညာသင်ကြားလျက်ရှိပြီး ကျောင်းအပ်နှံမှုလုပ်ငန်းစဉ်များလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၇၅)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၉)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁ဝ၉) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သည် ယနေ့ နံနက် ၇ နာရီတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်အနီး၊ (၁၃၁)ရပ်ကွက်၊ ရေသန့်လမ်းရှိ ရန်ကုန်မြို့တော် ရေပေးဝေရေးဇုန် (၇) ရေစုကန်နှင့် ရေတွန်းစက်ရုံသို့ ရောက်ရှိစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်း ခရိုင် တာမွေမြို့နယ် အတွင်းရှိ အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို တာမွေမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး ရေကြည်မြို့၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်တို့၌ ပြုလုပ်ကြ ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 02, 2021

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နိုင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင်ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံ ပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်