Skip to main content

ရန်ကုန်ဘူတာကြီးမှ မီးရထားဝန်ထမ်း သတင်းနှင့်ပြန်ကြားရေးတွဲဖက် ဦးထိန်ဝင်း (ခ)ရန်ကင်းမောင်အား လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်  နိုင်ဝင်ဘာ

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် နာရီအချိန်တွင် ရန်ကုန်ဘူတာကြီးမှ သတင်းနှင့်ပြန်ကြားရေးတွဲဖက်ဖြစ်သူ ဦးထိန်ဝင်း()ရန်ကင်းမောင်သည် ဗိုလ်တစ်ထောင်မြို့နယ်၊ ဝန်ထမ်းအိမ်ရာမှ တိုင်း() ရုံးသို့ ဗိုလ်မင်းရောင်လမ်းအတိုင်း မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ယာဉ်အမှတ်(စိစစ်ဆဲ)ပေါ်မှ ဆင်းလာသူ အကြမ်းဖက်သမား  ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာများရရှိကာ သေဆုံးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

ဖမ်းစီးရမိ   

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးထိန်ဝင်အား လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အထူးအမှုစစ်အဖွဲ့ဖွဲ့စည်း၍ စုံစမ်းဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အခင်းဖြစ်စဉ်အတွင်း အကြမ်းဖက်သူများ အသုံးပြုခဲ့သည့် NPW 1Q/5868 ဟိုက်ဂျက်အဖြူရောင် ယာဉ်အား ထက်အောင်ကျော်()92(၂၇)နှစ်()ဦးအောင်ဌေးနှင့် ဇော်ရိန်ထွန်း()တစ်သျူးတို့နှင့် အတူ နိုဝင်ဘာလ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းဆုံ မီးပွိုင့်တွင် တွေ့ရှိ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ထက်အောင်ကျော်၏ ထွက်ဆိုချက်အရ သတင်းပေးစေခိုင်းသူ ရန်ကုန်ဘူတာကြီး စက်ပြင်လုပ်သား ဗိုလ်တစ်ထောင်မြို့နယ်၊ (၁၀)ရက်ကွက်၊ သိမ်ဖြူလမ်းသွယ်၊ တိုက်(ဘီ) အခန်း()နေ သူရအောင်()စောငမန်း(၂၉)နှစ်အား နိုဝင်ဘာလ ရက်နေ့ မွန်းလွဲ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်ဘူတာကြီး အငယ်တန်းအင်ဂျင်နီယာ() ကြိုးမဲ့ဆက်သွယ်ရေးရုံးခန်းတွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

စီစဉ်ညွှန်ကြားသူအား ဖမ်းမိ

ဆက်လက်၍ ထက်အောင်ကျော်ဌားရမ်းနေထိုင်ခဲ့သည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ () ရပ်ကွက်၊ ဗိုလ်စောနောင်လမ်း အမှတ်(၂၃)သို့ ယင်းနေ့ ညနေ နာရီ ၃၅ မိနစ်အချိန်တွင် ဝင်ရောက် ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများဖြစ်သည့်  မရမ်းကုန်းမြို့နယ်၊() ရပ်ကွက်၊ ဦးမောင်စိုးလမ်း၊ အမှတ်(၁၀၈)နေ ထွဋ်မြတ်ဘုန်းကျော်()အိုမက်(၂၃)နှစ်နှင့် မင်္ဂလာဒုံ မြို့နယ်၊ ဈေးပိုင်းရပ်ကွက်၊ ထောက်ကြံ့ လမ်းဆုံနေ မျိုးပိုင်(၁၆)နှစ်တို့ ဦးအား ပစ္စတို() လက်၊ ၎င်းကျည်အိမ် () ခု၊ LUGER ကျည် (၃၁) တောင့်၊ 9 MM ကျည်()တောင့်၊ စတီးဘောစေ့ (၁၀၀၀)ခန့်ပါခဲရောင်ကော်ဗူး ()ဗူး၊ လက်လုပ်ဗုံး ()လုံး၊ 91 လက်ပစ်ဗုံး ()လုံးနှင့် ငွေရောင် စနစ်တံ()ချောင်း၊ အစမ်းရောင်ကော်ဗုံးသီးခွံ (၁၃)လုံး၊ ယမ်းမှုန့် ()ထုပ်၊ ကီးပတ်ဖုန်း()လုံး၊ လက်တောပ့်()လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဆက်လက်၍ ထက်အောင်ကျော်၏ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ဒဂုံမြို့သစ်(တောင်ပိုင်း)(၂၁)ရပ်ကွက်၊ သစ္စာလမ်းနေ ကျော်လွင်ဦး()ရွှေလေး(၂၆)နှစ်အား ယင်းနေ့ ညနေ နာရီ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) ပြည်ထောင်စုလမ်းမဘေးရှိ ဆောက်လုပ်ရေး မှတ်တိုင်းအနီး၌ ဖမ်းဆီးရမိခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုအား စီစဉ်ညွှန်ကြားသူ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ သံသုမာလမ်း၊ ပထမထပ်၊ အခန်း(ဘီ)နေ အောင်ကြီး()လှိုင်ထူးအောင် (၃၆)နှစ်အား ၎င်း၏ဇနီးဖြစ်သူ မဆုရည်လှိုင်()ဆုလှိုင် (၃၂)နှစ်နှင့်အတူ သုဝဏ္ဏမြို့နယ်၊ ကမာကြည် မီးပွိုင့်အနီးတွင်ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ပြစ်မှုကျူးလွန်စဉ်တွင် အသုံးပြုခဲ့သည့် လက်ကိုင်စကားပြောစက် ()လုံးနှင့် အားသွင်းခွက်()ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

ကျူးလွန်ရာတွင် ပါဝင်သူများဖမ်းမိ

ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် မင်္လာဒုံမြို့နယ်၊ နွယ်ခွေကျေးရွာနေ Dragon ()ထွန်းမင်းလတ်(၂၄)နှစ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၃)ရပ်ကွက်၊ စံရိပ်ငြိမ်လမ်း၊ အမှတ်(၆၃၂)()နေ မိုင်းနတ်()အောက်ကိုသော်(၂၂)နှစ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ()ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ အမှတ်(၁၁၈)နေ စောကလျာ(၂၂)နှစ်နှင့် မင်္ဂလာဒုံမြို့နယ်၊ အေကရစ်ရပ်ကွက်၊ စာရိတ္တလမ်း၊ အမှတ်(၂၀)နေ အေးသန္တာ(၃၇)နှစ်တို့အား ယင်းနေ့ ညနေ နာရီ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ()ရပ်ကွက်၊ ဗိုလ်စောနောင်လမ်း၊ အိမ်အမှတ်(၂၃)တွင် လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက် ကျွန်းရွှေမြိုင်လမ်းနေ ရဲထက်ဦး()YZ(၂၁)နှစ်အား ညနေ နာရီ ၅၅ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ မောင်းမကန် လမ်းတွင်လည်းကောင်း၊ ရဲထက်ဦးအား ယာဉ်နှင့် နေထိုင်ရန် ကူညီပေးခဲ့သူ ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်၊ ဦးမြငါးစင်လမ်း၊ အမှတ်(၉၆)နေ ကြည်မင်းဟန်(၃၀)နှစ်အား နာရီ ၃၅ မိနစ် အချိန်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်းနှင့် သစ်တောလမ်းထိပ်၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်များအရ နာရီ ၄၀ မိနစ်အချိန်တွင် မရမ်းကုန်း မြို့နယ်၊ အမှတ်()ရပ်ကွက်၊ ဦးထွန်းရှိန်လမ်း၊ တိုက်အမှတ်(၅၅၂)()လွှာယာခန်းတွင် လက်လုပ်ဗုံးများ သိုဝှက်သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ပြစ်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် CROWN ယာဉ်တွင် တပ်ဆင်ခဲ့သော ယာဉ်နံပတ်ပြား ()ခု၊ အစိမ်းရောင် ကော် လက်ပစ်ဗုံးခွံ (၈၈)လုံး၊ ပိုတက်စီယမ် ကလိုရိုက် (၂၉)ထုပ်၊ မီးရှို့ယမ်း(၄၀)ချောင်း၊ ကော်မောင်းတုန်း ()ချောင်း၊ ကီးပတ်ဖုန်း()လုံး၊ မီးရှို့ဒီတိုနေတာ ()ချောင်းတို့အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်တရားခံ စိုးဝင်အောင်()ပြောင်ကြီး()၂၁ (၃၉)နှစ်အား နာရီ ၄၅ မိနစ်အချိန်တွင် လသာမြို့နယ်၊ (၁၉)လမ်း၌ LUGER ကျည်()တောင့် ပစ်ခတ်မှုဖြစ်စဉ်အတွက် ကြိုတင်ရေးဆွဲထားသည့် မြေပုံ()ခုပါရှိသည့် စာအုပ်တစ်အုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ထက်အောင်ကျော်၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း SATURN အဖွဲ့အား ဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့အတွင်း အကြမ်းဖက်မှုလုပ်ရပ်မှုများ ကျူးလွန်ရန်နှင့် အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် တိုက်ခိုက်ရေးနှင့်ဖောက်ခွဲရေးပစ္စည်းများအား အခြားသူများအား ဖြန့်ဝေပေးရန်အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ယခုပြစ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် ကိုအောင်ကြီး()လှိုင်ထူးအောင်မှ အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ထက်အောင်ကျော်မှ ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် လည်း ကောင်း ဦးဆောင်ခဲ့ကြပြီး အဖွဲ့ဝင်များအဖြစ် စောကလျာမောင်()Rayar အေးသန္တာ()အန်တီမေ၊ ထွဋ်မြတ် ဘုန်းကျော်()အိုမတ်၊ မျိုးပိုင်()SA-2 ဇောရိန်ထွန်း()Tissue ရဲထက်ဦး()Yz အောင်ကိုသော် ()မိုင်းနတ်၊ ကျော်လင်းဦး()ရွှေလေး၊ ထွန်းမင်းလတ်()နဂါးတို့ဖြစ်ကြောင်း သိရှိရသည်။

ပြစ်မှုကျူးလွန်သူများအပေါ် စစ်ဆေးပေါ်ပေါက်ချက်များအရ ၎င်းတို့အနေဖြင့် စိတ်ကြွမူးယစ်ဆေးဝါးများသုံးစွဲပြီး အကြမ်းဖက်မှုလုပ်ရပ်များအား ကျူးလွန်ခဲ့ကြကြောင်း တွေ့ရှိ ရပြီး မီးရထားဝန်ထမ်း ဦးထိန်ဝင်း() ရန်ကင်းမောင်အား လုပ်ကြံသတ်ဖြတ်မှုတွင် နောက်ကွယ်မှ ပါဝင်ကြသူများမှာ CDM ပြုလုပ်ထားသူ၊ အောင်သူ ရန်ကုန်ဘူတာကြီး(မီးရထားရုံပိုင်အထူး) (ဖမ်းဆီးရန်ကျန်)နှင့် CDM ပြုလုပ်ထားသူ၊ စန်းလွင်ဦး ရန်ကုန်ဘူတာကြီး(မီးရထားရုံပိုင်အထူး) (ဖမ်းဆီးရန်ကျန်)တို့ဖြစ်ပြီး ၎င်းတို့ကျူးလွန်သူများအား လက်နက်ပံ့ပိုးပေးရန် ဒေါ်လဲ့လဲ့ဝင်း (NLD)ပါတီမှ ဗိုလ်တထောင်မြို့နယ်   တိုင်း- လွှတ်တော် ကိုယ်စားလှယ်ဟောင်း(ဖမ်းဆီးရန်ကျန်)မှ မောင်ကျော်()ဇေယျာသော်တို့အဖွဲ့နှင့် ဆက်သွယ်ပေးခဲ့ ကြောင်း၊ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်များအား ပံ့ပိုးပေးသူမှာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း မောင်ကျော်()ဇေယျာသော်(NLD)ပါတီဝင်ဖြစ်ပြီးလုပ်ကြံရန် ယာဉ်အား စီစဉ်ပေးသူမှာ မကေ (ဖမ်းဆီးရန်ကျန်)ဖြစ်ကြောင်း သိရှိရကာ ကျူးလွန်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် ဇော်ထွန်း (ဖမ်းဆီးရန်ကျန်)နှင့် ယာဉ်မောင်းနှင်ပေးသူ ထွန်းထွန်း (ဖမ်းဆီးရန်ကျန်)တို့ဖြစ်ကာ ဖမ်းဆီးရမိထားသူ တရားခံ(၁၅)ဦးအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိပြီး ပြည်သူလူထုများအနေဖြင့်လည်း ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူ ဖမ်းဆီးရန်ကျန် တရားခံပြေးများအား တွေ့မြင်သိရှိရပါက သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များအား လျှိုဝှက်စွာ သတင်း ပေးပို့နိုင်ပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

သတင်းစဉ်