နေပြည်တော် နိုဝင်ဘာ ၂
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ပုံနှိပ်ထုတ်ဝေသော ၂၀၂၂ ခုနှစ် ရုံးသုံးပြက္ခဒိန်ကို ဖြန့်ချိရောင်းချနေပြီ ဖြစ်သည်။ ၂၀၂၂ ခုနှစ် ရုံးသုံးပြက္ခဒိန်ကို စက္ကူဖြူ၊ ချောဖြင့် တစ်စောင်လျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (တ-၅၅) သပြေကုန်းဈေး၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/ ၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင် အမှတ်-၁၅၉၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ ဖုန်း၀၂-၄၀၃၀၁၈၆ နှင့် မြို့နယ်အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဆက်သွယ်ဝယ်ယူရရှိနိုင်ပြီး ရုံးဌာန များနှင့်အသင်းအဖွဲ့များမှ လက်ကား ဝယ်ယူလိုပါက အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁၂၄၉၀၃၁၊ ၃၈၁၄၄၈ တို့သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်