ပြည် နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (အောက်တိုဘာလမှ မတ်လအထိ) ခြောက်လပတ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ ဖြန့်ဝေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦးနှင့် ကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်း ဦးစီးမှူး ဒေါ်မြင့်မြင့်ထွေးတို့က လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီး အစရှိသည့် မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသော သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများထံ လုပ်ငန်းစီမံကိန်းများ အသီသီး ဖြန့်ဝေပေးအပ်ခဲ့ကြပြီး မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်