Skip to main content

စိန်နဂါးစက်မှုကုန်ထုတ်သမဝါယမအသင်းမှ ကြွေထည်၊ မြေထည်၊ ဖန်ထည်ပစ္စည်းများ ထုတ်လုပ်

ရန်ကုန် နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ စိန်နဂါးကြွေမြေ ဖန်ထည်စက်မှုကုန်ထုတ် သမဝါယမအသင်းသည် သဘာဝဓာတ်ငွေ့ အသုံးပြု၍ မီးခံအုတ်၊ လျှပ်စစ်သုံးကြွေသီးမျိုးစုံ၊ မီးခံမြေမှုန့်များ၊ ဘိုင်အိုဒီဇယ်သုံးဖန်ပုလင်းများ၊ ဆေးဝါး စက်ရုံသုံး ဆေးပုလင်းများနှင့် အလှဆင်ဖန်ထည်ပစ္စည်းတို့ကို ထုတ်လုပ်လျက်ရှိပြီး နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ဆေးဝါးစက်ရုံ များနှင့် ပုဂ္ဂလိကစက်ရုံများသို့ ရောင်းချဖြန့်ဖြူးလျက်ရှိသည်။ ယခုအခါ ကိုဗစ်-၁၉ ကာလအပြီး ပြန်လည်ထူထောင်ရေး ကာလတွင် မီးခံအုတ်နှင့် ကြွေသီးထုတ်လုပ်သည့်လုပ်ငန်းများအနက် မီးခံအုတ်ဖုတ်သည့်လုပ်ငန်းကို ပြန်လည်ဆောင်ရွက်လျက်ရှိပြီး အုတ်ဖိုရုံနှစ်ရုံမှ တစ်လလျှင် မီးခံအုတ်ရေ ၃၂၀၀၀ လုံးခန့် ထုတ်လုပ်လျက်ရှိကြောင်းနှင့် ပိုမိုထုတ်လုပ်ရောင်းချနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်