နယ်ရုံးများ၏သတင်းများ

Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရေး၊ စာပေဗဟုသုတကြွယ်ဝစေရေး၊ စာပေကိုချစ်မြတ်နိုးသော စာဖတ်ပရိသတ်များ အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်၊ စာစောင်များကို စာဖတ်ပရိသတ်များထံသို့ သွားရောက်၍ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်သူများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်း စာပေနှီးနှောဖလှယ်တတ် စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "ခေါင်းဆောင်မှုအတွေး၏ အရေးပါမှု" စာအုပ်အားစာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Mar 23,2023
မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းနှင့် ပူးပေါင်း၍ ယမန်နေ့ ၁၀ နာရီ အချိန်က ဒေါက်တာမတင်ဝင်းရေးသားသည့် “အလုပ်ဆိုတာအင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 23,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက (၇၈) နှစ်မြောက် တပ်မတော်နေ့ ကြိုဆိုဂုဏ်ပြသောအားဖြင့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်၊ စာပေများ ပြသထားကြောင်း သိရသည်။
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများ စာပေမှတဆင့် အသိပညာဗဟုသုတ တိုးပွားရရှိစေရေးရည်ရွယ်၍ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ကို ယနေ့နံနက် ၉ နာရီက ဆိပ်ကြီးအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြည်သူများအသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလာစေရန်၊ စာကြည့်တိုက်အားအသုံးပြုတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။
Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
Mar 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် Online မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်းအစီစဉ်ကို ယမန်နေ့(၁)နာရီခွဲအချိန်က ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခဲ့သည်။