တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၇) နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ရေအခက်အခဲဖြစ်နေသည့် နေရာများသို့ ရေလှူဒါန်း

တနင်္သာရီ မေ ၄

(၇၇) နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ နွေရာသီကာလ ရေအခက်အခဲဖြစ်နေသည့် ဘုရားကျောင်းကန်များသို့ မေလ ၂ ရက်နေ့ ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန ရေသယ်ယာဉ်ဖြင့် သောက်/သုံး ရေများကို ရေစုကန်အတွင်းအထိ သွားရောက်ထည့်သွင်းပေးကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ထိုသို့ ရေလှူဒါန်းခြင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုဦးစီးမှူးဦးသူရိန်စိုးနှင့် တပ်ဖွဲဝင်များက တောင်ပေါ်ဘုရားကျောင်းများဖြစ်ပြီး နွေရာသီကာလ အတွင်း ရေအခက်အခဲဖြစ်နေသည့် မြဝတ်ဆင်စေတီတော်တောင်ပေါ်သို့ မီးသတ်ရေသယ်ယာဉ်ဖြင့် ရေဂါလံ (၈၀၀) ကိုလည်းကောင်း၊ အလားတူ မဟာသန္ဓိသုခ ဝင်္ကဘာကျောင်းတိုက်သို့ ရောဂါလံ (၃၂၀၀) ကိုလည်းကောင်း (၇၇) နှစ်မြောက်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြိုအဖြစ် ရေသွားရောက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း