စလင်းမြို့နယ်အတွင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ​ ကျေးလက်နေပြည်သူများနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလှပနိုင်ရေး သစ်ပင်စိုက်ပျိုးနိုင်ရန် အတွက် ပျိုးဥယျာဥ်တွင် ပျိုးပင်ပေါင်း (၂၀၉၀၀) ပျိုးထောင်ထားရှိ

စလင်း  မေ ၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း စိမ်းလန်းစိုပြေလှပစေရေး စိုက်ပျိုးနိုင်ရန်အတွက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ပျိုးဥယျာဥ်တွင် ပျိုးပင်များကို နှစ်စဥ်ပျိုးထောင်ထားရှိလျက်ရှိရာ ယခုနှစ် ၂၀၂၃ ခုနှစ် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်း(၂၀၉၀၀)ပင်ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

စလင်းမြို့နယ်အနေဖြင့် ယခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပျိုးဥယျာဥ်မှ ပျိုးပင်ပေါင်း(၂၀၉၀၀))ပင်ကို စိုက်ပျိုးထားရှိပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်စိုက်ပျိုးခဲ့ကြောင်း မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရှိရသည်။ သက်ရှိလူသားများရဲ့ ပတ်ဝန် းကျင်တည်တံကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်းလန်းစိုပြေရေးကို အထောက်အကူပြုသလို သဘာဝပတ်ဝန်းကျင် သာယာလှပပြီး ရာသီဥတု ပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပျိုးပင်များကို ပျိုးထောင်ထားရှိခြင်းဖြစ်ပြီး ယခုနှစ် မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပျိုးဥယျာဥ်တွင် ကျေးရွာထင်း စိုက်ခင်းများနှင့် အရိပ်ရပင်များ စိုက်ပျိုးနိုင်စေရန်အတွက် ၂၀၂၃ ခုနှစ် အထူးပျိုးပင်များ အဖြစ် ပထမအကြိမ် ၊ ကုက္ကို (၁၅၀၀) ပင် ၊ ဒဟတ် (၅၀၀၀) ပင် ၊ မဲဇလီ (၁၀၀၀) ပင်တို့အား စိုက်ပျိုးခဲ့ပြီးနောက် ဒုတိယအကြီမ်အဖြစ် ၊ ကုက္ကို (၁၅၀၀) ပင်၊ တမာ (၁၀၀၀) ပင် ၊ ဖျောက်ဆိတ် (၂၀၀၀)ပင် ၊ ရှား(၁၀၀၀)ပင်၊ ရင်းမာ(၁၅၀၀)ပင် ၊ ဒဟတ်(၃၀၀၀)ပင်တို့ကို စိုက်ပျိုး​၍ ပျိုး​ထောင်ထားရှိပြီး ၂၀၂၂ ခုနှစ် ပျိုးထောင်စိုက်ပျိုးထားသည့် အပင်များဖြစ်သည့် ရှား(၃၅၀)ပင်၊ ကုက္ကို(၁၇၅)ပင်၊ ဒဟတ်(၆၄၅)ပင်၊ ဖျောက်ဆိတ် ယင်းမာ(၆၁၅)ပင်၊ မဲဇလီ (၁၀၀၀)ပင်တို့ ပျိုးထောင်လက်ကျန်ရှိခဲ့၍ စုစုပေါင်း ပျိုးထောင်ထားရှိမှု (၂၀၉၀၀) ပျိုးထောင်ထားရှိပြီး ကျေးရွာများနှင့် အထူးစိမ်းစိုက်ခင်းများ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးထားရှိကြောင်း စလင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)