မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများ လှူဒါန်းပေး

မြင်းမူ မေ ၄

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနသည် သောက်‌ရေသုံးရေအခက်အခဲရှိသောမြို့နယ် အတွင်းရှိ သောက်သုံးရေလိုအပ်လျှက်ရှိသည့်   ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်အသီး သီးရှိ ဒေသခံပြည်သူများထံသို့ ရေများပေးပို့လှူဒါန်းပေးလျှက်ရှိကြောင်း သိရှိရသည်။

သကြန်ရက်များမှစ၍ ရေလှူဒါန်းခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကာလတွင် သာသနဘောင်သို့ ဝင်ရောက်သူများပြားလျှက်ရှိရာ ဆရာတော် သံဃာတော် များအတွက် ရေလိုအပ်မှုမရှိစေရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုမေလပိုင်းတွင်လည်း အပူရှိန်မြင့်မားကာ ရေလိုအပ်မှုများရှိသည့်အတွက် မြို့ပေါ်ရပ်ကွက်အသီးသီးသို့ ဌာနပိုင်ရေသယ်ယာဉ်များဖြင့် ယခုကဲ့သို့ ပေးပို့လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးထံမှ သိရှိရသည်။

ဆက်လက်၍လည်း ရေလိုအပ်သည့် မြို့ပေါ်နေရာများသို့လည်း ရေများ သွားရောက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)