ဒိုက်ဦး မေ ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မေလ ၃ ရက်နေ့၊ ဗုဒ္ဓဟူးနေ့၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညနေ ၃း၀၀ နာရီတွင် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်စံပ္ပါယ်တော်မူရာဌာန"ကန်ဦးကျောင်းတိုက်တော်" မှစတင်၍ ကျင်းပခဲ့သည်။
လောင်းလှူပူဇော်ပွဲစတင်ရာ "ကန်ဦးကျောင်းတိုက်တော်" ကြီးရှေ့တွင် ဒိုက်ဦးမြို့နယ် ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များက ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ လူပုဂ္ဂိုလ်များအား နှာခေါင်းစည်း Mask များ ဝေငှပေးခဲ့သည်။
ဒိုက်ဦးမြို့ နှစ်စဉ်မပျက်ကျင်းပလျက်ရှိသော ကဆုန်လပြည့်ဗုဒ္ဓနေ့ ဆွမ်းဆန်စိမ်းလောင်းလှူ ပွဲတွင် ဘုန်းတော်ကြီးကျောင်း(၅၆)ကျောင်းမှ ပင့်သံဃာများနှင့် ဆရာကြီး/ဆရာလေး (၇၁၀)ပါးခန့်တို့မှ ညနေ(၃:၀၀)နာရီမှစတင်၍ ကန်ဦးကျောင်းတိုက်မှ မြို့တွင်းအလှူခံစတင်ထွက်ကြရာ ဒိုက်ဦးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အလှူရှင်များက သတ်မှတ်နေရာများ၊ မိမိတို့အိမ်ရှေ့တို့တွင် ဆွမ်းဆန်စိမ်း၊ ဝတ္ထုငွေနှင့်အခြားလှူဖွယ်ပစ္စည်းများအား စုပေါင်းလောင်းလှူကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)