နယ်ရုံးများ၏သတင်းများ

May 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်နှင့်စာရိတ္တ အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်း ကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
May 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ်ဗဟုသုတများတိုးပွားစေရေး ယမန်နေ့နံနက် (၁၀)နာရီက Book Club အဖွဲ့ဝင်များ စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင်အပင်ပျိုးတတ်မှစာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 07,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှေးဦးသူနာပြုစုနည်းအသိပညာပေး Talk Show ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 07,2023
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre၌ အခြေခံတိုက်ကွမ်ဒိုသင်တန်း(အခမဲ့)ကို ယမန်နေ့ နေ့လယ် ၁ နာရီ က ဖွင့်လှစ်ခဲ့သည်။
May 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပန်းကြယ်သီးထိုးနည်း (အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
May 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ စမ်း‌ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ​ကမ္ဘာကြက်​ခြေနီ​နေ့အ​ကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
May 07,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။