လပွတ္တာ မေ ၄
၂၀၂၃ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့တွင် ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်းသွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ယမန်နေ့မေလ (၃) ရက်နေ့၌ လပွတ္တာခရိုင်၊ မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးမြင့် ဦးဆောင်၍ ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် (၆၀) ဦးက သုံးမိုင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်သွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်