မချမ်းဘော လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မချမ်းဘော မေ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည် မြင့်မားလာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး စာဖတ်စွမ်းရည် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသူ ကျောင်းသားများက ၂၀၂၃ခု နှစ် ဇန်နဝါရီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် အတွဲ(၅၀)၊ အမှတ်(၁) စာအုပ်မှ လူငယ်ရေးရာကဏ္ဍ ပါ စာရေးဆရာ ကောင်းသန့်ရေးသားသော လူသုံးမျိုး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ညီညီဖေရေးသားထားသောသတ္တိရှိရန်လိုအပ်သည် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါက်တာခင်မောင်ညိုရေးသားထားသော သင်ယူခြင်းခေါင်းစဥ်ဖြင့်လည်းကောင်း လူငယ်ရေးရာ သင်ယူမှတ်သားဖွယ် ဆောင်းပါးများဖြင့် ရဝမ်နှစ်ခြင်းအသင်းတော် Summer Campမှ သင်တန်းသူ(၁၇)ဦးတို့ကပါဝင်ယှဥ် ပြိုင်ခဲ့ ကြပြီးပထမ၊ဒုတိယ၊ တတိယဆုရရှိသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြသည်။

မချမ်းဘောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ၊စာဖတ်ဝိုင်းများ၊ ပြပွဲ ပြိုင်ပွဲများကို အစဥ်သဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)