Apr 27,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧပြီ (၂၃) ရက်နေ့ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ (၁၂) ရွာ၌ ဘုန်းကြီးကျောင်း (၅) ကျောင်းနှင့် လူနေအိမ် (၈၄) လုံးတို့မှာ အမိုးလန်ပျက်စီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် (၇) ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယမန်နေ့နံနက်က ကျေးရွာများအရောက် ပေးအပ်ထောက်ပံ့ ခဲ့ကြောင်း သိရသည်။