နယ်ရုံးများ၏သတင်းများ

Apr 28,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျှက်ရှိသော ကျေးရွာများသို့ သောက်သုံးရေလှူဒါန်းလျှက်ရှိရာ
Apr 28,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် ပထမအကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရွှေဥဒေါင်းရပ်ကွက်ရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 28,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့ညနေ ၄ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရုံးရှေ့၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Apr 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ် ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
Apr 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာဦးစီးဌာနမှ ကျင်းပခဲ့သော နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင်ကပ်နှံ၍ ယမန့်နေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
Apr 28,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။
Apr 28,2023
ရန်ကုန်တိုင်းဒေသကြီး၊​ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ အခြေခံပညာဦးစီးဌာနမှကျင်းပခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲအောင်စာရင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျောင်းများတွင်‌ကပ်နှံထားရှိရာ