ချီဖွေမြို့နယ်၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ချီဖွေ မေ ၄

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ မြို့နယ်ထွေအုပ်အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနား၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၃- ၂၀၂၄ ခုနှစ်ဘဏ္ဍာရနှစ် ဒေသန္တရစီမံကိန်းများဆောင်ရွက်ရန် ချမှတ်ထားသော တာဝန်များကို သက်ဆိုင်ရာဌာနအလိုက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ယော်ကိ