နယ်ရုံးများ၏သတင်းများ

Feb 24,2023
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံး ချတတ်စေရန်၊ ကလေးငယ်များ အသိပညာဗဟုသုတများတိုးပွားပြီး ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်ပန်း ချီပညာရှင်များ ပူးပေါင်း၍ နွေရာသီအခြေခံ ပန်းချီသင်တန်း (အခမဲ့) ကို လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင် ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
Feb 23,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေး လျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က (၃) ကျောင်းသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ပုဇွန်တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မူးယစ်ဆေးဝါး၏ဆိုးကျိုးများကို လူငယ်များ သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာရေးဆရာ‌ ဒေါက်တာကျော်စိန်၏ "လူငယ်လမ်းညွှန်" စာအုပ်ကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့များက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာမသက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) တို့ ပူးပေါင်း၍ လူငယ်နှင့်ယဉ်ကျေးမှုအသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာရှိ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 23,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) တို့ ပူးပေါင်းဆောင်ရွက် သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၌ ကျင်းပခဲ့သည်။
Feb 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူငယ်နှင့်စာရိတ္တအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ (Talk show) ကို ယနေ့နံနက် (၁၀) နာရီက ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။