မြောင်းမြ မေ ၂
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကဆုန်လပြည့်နေ့အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်မှ အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး၊ သာသနာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ရဲအောင်က ကဆုန်လပြည့်ဗုဒ္ဓနေ့နှင့် ညောင်ရေသွန်းပွဲတော်ဖြစ်ပေါ်လာရခြင်း အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ အသိပညာပေး Talk Show ပွဲများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေဝေ (မြောင်းမြ)