နယ်ရုံးများ၏သတင်းများ

May 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ကမ္ဘာ့ ကြက်ခြေနီနေ့အထိမ်းအမှတ် Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀း၀၀ က ကျင်းပ ပြုလုပ်ခဲ့သည်။
May 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရေး၊ စာပေဗဟုသုတကြွယ်ဝစေရေး၊ စာပေကိုချစ်မြတ်နိုးသော စာဖတ်ပရိသတ်များ အဆင်ပြေစေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်၊ စာစောင်များကို စာဖတ် ပရိသတ်များထံသို့ သွားရောက်၍ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်း အချိန်က ဆောင်ရွက်ခဲ့သည်။
May 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက  ဌာနဆိုင်ရာရုံးများသို့  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 05,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နွေရာသီကာလ၌ ပြည်သူများ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အပူဒဏ်အန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
May 05,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)တို့ ပူးပေါင်းပြီး စာအုပ်၊ စာပေဖတ်ရှု့ လေ့လာသူ ပိုမိုများပြားလာစေရန်နှင့် အသိပညာဗဟုသုတများရရှိကြစေရန်အတွက် ယမန်နေ့ မွန်းလွဲ(၂)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
May 05,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပေါင်းရပ်ကွက်၊ ထန်းတောမွန်ကျောင်းဓမ္မာရုံသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
May 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်  (၁၁) နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။