Mar 01,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာ (သဒ္ဒါ) အခမဲ့သင်တန်းကို နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/သူများအချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အင်္ဂလိပ်စာဘာသာရပ်၌ အခြေခံကျသည့်(သဒ္ဒါ)ပိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ရေးနိုင်၊ ဖတ်နိုင်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၂၇ ရက်က မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။