နယ်ရုံးများ၏သတင်းများ

May 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေး အန္တရာယ်နှင့်ပတ်သက်၍ သဘာဝဘေအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွှဲ (၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ ဆောင်ရွက်ခဲ့သည်။
May 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
May 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ စာရေးဆရာ/ကဗျာဆရာများနှင့် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုပေါင်း၍  ၂၀၁၈ ခုနှစ် မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော "ဆုံစည်းရာစာဖတ်ဝိုင်း" (Book Club)အဖွဲ့၏ (၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
May 05,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ယနေ့နံနက် ၁၁း၃ဝ နာရီအချိန်က မိုင်းဆတ်ခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
May 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်း (၃) နာရီအချိန်တွင် မေတ္တာဂေဟာ ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 05,2023
ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌  ယနေ့ နံနက်(၁၀) နာရီအချိန်က လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။
May 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယဥာဏဂိမ်းကစားပြိုင်ပွဲအား ယနေ့ နေ့လယ် (၁:၀၀)နာရီအချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 05,2023
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက် မြင့်မားလာစေရန်အတွက်  စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့၊ ညနေ ၃ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြု ဗဟိုဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်သည်။