နယ်ရုံးများ၏သတင်းများ

Apr 30,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မေလ (၁)ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ်အဖြစ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
Apr 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီက လှူဒါန်းသော စာအုပ်စာစောင်များအား သန်လျင်မြို့နယ်အတွင်းရှိ ကျေးလက်စာကြည့်တိုက်များသို့ ထပ်ဆင့်လှူဒါန်းပွဲ နှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြိုရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ကျင်းပသည်။
Apr 30,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းထောက်များအတွက် ပြည်သူ့ဆက်ဆံရေးသင်ခန်းစာမှတ်စု လက်စွဲစာစောင်အား ဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဧပြီ ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့သည်။
Apr 29,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထား သူများပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော  အသိအမြင် ဗဟုသုတများကို    အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နေ့လယ် ၁၂ နာရီက ရန်ကုန်အရှေ့ပိုင်း ခရိုင်(သင်္ဃန်းကျွန်း)ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Apr 29,2023
ရခိုင်ပြည်နယ်၊‌ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌  မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး(Talk Show) ကိုယနေ့ နံနက်  ၁၀ နာရီအချိန်က အဆိုပါခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
Apr 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ​အပူရှပ်ခြင်း အကြောင်းသိကောင်းစရာအသိပညာပေးTalk Show ကို ယမန်နေ့၊နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Apr 29,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့် အချက်များအကြောင်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
Apr 28,2023
ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ရွေ့လျား စာကြည့်တိုက် Mobile Library ဖြင့် ဌာနဆိုင်ရာရုံးများသို့သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။