နယ်ရုံးများ၏သတင်းများ

Jun 24,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ယနေ့ နံနက်ပိုင်းက သုတ/ရသစာပေမျှဝေခြင်းဆိုင်ရာ အသိပညာပေး (Talk Show) အစီအစဉ် ကျင်းပဆောင်ရွက်ခဲ့သည်။
Jun 24,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက စာသင်ကျောင်းများတွင် သွားရောက်၍ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အခမဲ့ဖြန့် ဝေပေးခဲ့သည်။
Jun 24,2021
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာကျောင်းများနှင့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jun 24,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ရုံးဝန်ထမ်းများ စာပေအသိပညာ ဗဟုသုတများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ စာရေးဆရာ မင်းသန်းထိုက်(ဒေးဒရဲ) ရေးသားသည့် “စိတ်ပြင်ခြင်း အနုပညာ” စာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့  နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
Jun 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊    လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အပြန်အလှန်‌ဆွေးနွေး ဖလှယ်တတ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Jun 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ပြည်သူလူထုနှင့် ကျောင်းသား/သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jun 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီတွင် နမ့်စန်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ သို့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Jun 23,2021
ကျောင်းသားကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ နယ်လှည့်လှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၁၀နာရီက အမှတ်(၂) ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။