နယ်ရုံးများ၏သတင်းများ

Jun 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံးဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ပင်လုံမြို့ အထကကျောင်းများတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Jun 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌  ၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခြင်းအား ယနေ့ နံနက်(၉)နာရီအချိန်ခန့်က ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်း၊ မြို့မစျေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 23,2021
ရှမ်း​​ပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပေါ် အခြေခံပညာကျောင်းများရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများထံအခမဲ့ဖြန့်ဝေခဲ့သည်။
Jun 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တုံတာမြို့တွင်၂၀၂၁ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယနေ့နံနက်ပိုင်းတွင်တုံတာမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများထံသို့ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့သည်။
Jun 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ မြို့မဈေး၊ မြို့တွင်း လမ်းတစ်လျှောက်ဖွင့်လှစ်ထားသော ကုန်စုံဆိုင်များ၊ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
Jun 23,2021
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့တွင် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
Jun 22,2021
စာပေဖတ်ရှုလေ့လာသူများနှင့် အများပြည်သူတို့ စာပေဗဟုသုတများ အစဉ်တစိုက်လေ့လာလိုစိတ်များ စဉ်ဆက်မပြတ်ရှင်သန်လာနိုင်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်လာ‌စေရေးတို့ကို ရည်ရွယ်လျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေချစ်မြတ်နိုးသူအသင်းဝင်များဖြင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Jun 22,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ယမန်နေ့  ညနေပိုင်းက ကျိုင်းတုံမြို့ ညနေဈေး(အာခါဈေး)၌ ဈေးရောင်းဈေးဝယ် ပြည်သူလူထုများအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။