ကျောက်တန်းမြို့နယ်တွင် စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့်လုပ်သား များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ကျောက်တန်း စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၌ စက်မှုဇုန်အတွင်းရှိ စက်ရုံ အလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး( Sonovac)   ပထမအကြိမ် ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက သတ်မှတ်နေရာ ၃ နေရာ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ‌ကျောက်တန်းမြို့နယ် သီလဝါအထူးစီးပွါးရေးဇုံအတွင်းရှိ စက်ရုံ ဝန်ထမ်းများအား Wilmar စက်ရုံတွင် စုရပ်အဖြစ်လည်းကောင်း၊ စက်မှုဇုံပြင်ပရှိ ဆန်စက်နှင့် အခြားလုပ်သားများအား ကျောက်တန်းမြို့ အမှတ်(၁) အခြေပညာ အထက်တန်း ကျောင်းနှင့် တံတားမြို့တိုက်နယ်ဆေးရုံတို့တွင် လည်းကောင်း လူစုလူဝေးမဖြစ်ပေါ်စေရေး အတွက် စုရပ်များခွဲကာ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၌ စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သား များအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၇ ရက်နေ့မှ စတင်ထိုးနှံပေးရာ အခုလ ၈ ရက်နေ့အထိ သီလဝါ အထူးစီးပွါးရေးဇုံ အတွင်းရှိ စက်ရုံဝန်ထမ်းများ ၄,၀၀၀ ဦးနှင့် စက်မှုဇုံပြင်ပရှိ ဆန်စက်နှင့်အခြား လုပ်သားများ ၃,၇၃၄ ဦး၊ စုစုပေါင်း ၇,၇၃၄ ဦးအား ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသော စက်ရုံ အလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအားသတ်မှတ်နေရာနာများတွင် ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း (၄၆၅) ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ (၃၇၃) ဦး၊ ဆေးကုသမှုခံယူနေသူ (၄၉) ဦးနှင့် သေဆုံးသူ (၄၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်