နယ်ရုံးများ၏သတင်းများ

Aug 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧ (၅၂၇၉၉) ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ဩဂုတ်လ (၁၇)ရက်နေ့တွင် မိုးစပါးစိုက်ဧက (၄၀၈၇၉)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
Aug 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ သဘာဝ ဘေးဒဏ်သင့် ဒေသခံပြည်သူများ လတ်တလော သက်သာချောင်ချိမှု ရှိစေရေးအတွက် ထောက်ပံ့ပေးအပ်သော ကူညီကယ်ဆယ်ရေး ပစ္စည်းများထားရှိရာ သိုလှောင်ရုံသို့ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ လိုက်ပါကာ ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယမန်နေ့ ညနေ(၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ဧရာဝတီတိုင်းဒေသကြီးအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ပန်းခင်းစီမံချက် လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ချက် အခြေအနေများကို ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Aug 17,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလများနှင့် ရုံးပိတ်ရက်ရှည် ကာလများအတွင်း ရန်ကုန် (ပန်းဆိုးတန်း) - ဒလ ကူးတို့သင်္ဘောဆိပ်ကမ်း၌ ခရီးသည်များ ကူးသန်းသွားလာမှုပေါ်မူတည်၍ ခရီးသည်များ အဆင်ပြေစေရေးအတွက် ရေယာဉ်ခရီးစဉ် အချိန်နှင့် အခေါက်ရေများကို ပြောင်းလဲပြေးဆွဲပေး လျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။
Aug 14,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ဩဂုတ်(၁၃)ရက်၊ နံနက်ပိုင်းတွင် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ကနီမြို့ပေါ်ရှိ  ရဟန်း၊ သံဃာ၊ သီလရှင်များနှင့် ဝန်ထမ်းများ၊ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးနေမှုအား ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြား
Aug 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် (၉)နာရီခွဲက တောင်ကြီးမြို့မှ မိုင်းဆတ်မြို့သို့လာသည့် ယာဉ်မောင်းတစ်ဦးနှင့် ခရီးသည် တစ်ဦးထံမှ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
Aug 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ယနေ့ နံနက် ၈နာရီက ရန်ကုန်မြို့တော် ဝန်ဦးဗိုလ်ဌေး၊ ဒုမြို့တော်ဝန်ဦးညီညီ၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ ဆောင်ရွက် သည်။