နယ်ရုံးများ၏သတင်းများ

Oct 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါများဖြစ်ပွားနေ့သည့် ကာလတွင် အခြေခံလူတန်းစားများ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် သီစုံပဲကုလားဟင်းထုပ်များ လှူဒါန်းမှုကို ယမန်နေ့ ညနေ(၄)နာရီအချိန်တွင် လိုက်လံဝေငှ လှူဒါန်းခဲ့ သည်၊၊
Oct 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေ စီအထွထွေရွေးကောက်ပွဲ၌ မဲရုံများတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်း သားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ (RDT)(Test Kit) စနစ်ဖြင့်စစ်ဆေးခြင်းကို အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ အမှတ် (၃) ရပ်ကွက်ရှိ မြို့တော်ခန်းမနှင့် မဲဇလီရဲစခန်းတို့တွင် စစ်ဆေးခဲ့သည်။
Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Oct 14,2020
ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ဈေးဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ၊ သတ်မှတ်စည်းကမ်း ချက်များ နှင့်အညီ ရောင်းချမှု ရှိ/မရှိကို ပူးပေါင်းအဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ‌လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ ကျေးလက်ဒေသနေ မိသားစု များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် (Cash for work)စီမံကိန်းလုပ်ငန်း များ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ကျေးရွာများသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူးဉီးစိုးကျော်သူနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
Oct 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မဲရုံလုံခြုံရေး တာဝန် ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊မရှိ Antigen Rapid Diagnostic Test Kit ဖြင့် ယနေ့ နံနက်ပိုင်းတွင် ငရုတ်ကောင်းမြို့ ရဲတပ်ဖွဲ့စခန်း၌ စစ်ဆေးခဲ့ကြောင်းသိရသည်။
Oct 14,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသော “သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက (၁)လမ်း ယာယီဈေးနှင့် ကညင်ဆိပ်ကျေးရွာတို့တွင် ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 14,2020
ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ကမ္ဘာနှင့်တစ်ဝှမ်းဖြစ်ပွားလျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူများကျန်းမာရေး ဗဟုသုတရရှိစေရန်အတွက် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအား “ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ကာကွယ်စို့ ”အသိပညာပေး သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နံနက် ၁၀နာရီအချိန်တွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။