နယ်ရုံးများ၏သတင်းများ

Oct 06,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Online Page မှ ဆရာလယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ကိုပျိုးတက်မှ စာအုပ်မိတ်ဆက် အစီအစဉ်ကို အောက်တိုဘာ ၅ ရက် နေ့လည် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဝင်များက ဆွေးနွေးခဲ့သည်။
Oct 06,2020
ဧရာဝတီတိုင်းဒေသကြီးလပွတ္တာ မြို့နယ်တွင် ကိုဗစ်(၁၉)ပိုးတွေ့ရှိသော ​မောင်ငယ်ကျေးရွာ အုပ်စု ငမိုးရိပ်ကျေးရွာနေ ဦးပိန်အပါဝင် ၁၀ ဦးသော လူနာတို့သည် ယနေ နံနက်ပိုင်းတွင် ရောဂါသက်သာပျောက်ကင်း၍ (၃)မိုင် ကုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့် ရရှိကြောင်းသိရသည်။
Oct 06,2020
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က ထုတ်ဝေသည့်"သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/ မပါ စစ်ဆေးပြီးပြီလား" အသိပညာပေး လက်ကမ်း စာစောင်များနှင့်ပိုစတာများကို ယနေ့ နံနက်(၉)နာရီအချိန်ခန့်က တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေး ဦးစီးဌာန ဝန်ထမ်းများက မြို့မစျေးရှိ စျေးသည်များနှင့်စျေးရောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိ ရသည်။
Oct 05,2020
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းများသို့ အမျိုးသားအဆင့်စေတနာ့ ဝန်ထမ်းဦးဆောင် အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
Oct 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ညောင်ပင်စျေးရပ်ကွက်အတွင်းရှိ အမှန်တကယ်စားဝတ်နေရေး အခက်အခဲ ရှိသည့် အိမ်ထောင်စုများကို ယနေ့နံနက်ပိုင်းတွင် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
Oct 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ငွေဆောင်မြို့ အမှတ်(၃)ရပ်ကွက် မြို့မလမ်း၌ ယနေ့ နံနက် ၈ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
Oct 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်)အဖြစ် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားရှိရာ မဲဆန္ဒရှင် ပြည်သူများမှ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လာရောက်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။
Oct 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းမှ အသက်(၈၀)နှစ်မှ (၈၅)နှစ် အတွင်း အဘိုးအဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများကို အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းမှစ၍ သက်ကြီးဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။