နယ်ရုံးများ၏သတင်းများ

Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းမှ သဘာဝဘေးသင့် ပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့ပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဘိုကလေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မီးဘေး(၄)ကြိမ်၊ လေဘေး(၅)ကြိမ်၊ ကမ်းပြိုဘေး(၁)ကြိမ်နှင့် မိုးကြိုးဘေး (၅)ကြိမ်တို့တွင် ဘေးသင့်အိမ်ထောင်စု စုစုပေါင်း(၁၉)စုနှင့် မိုးကြိုးဘေးသင့်သူ(၇)ဦးအား ကူညီထောက်ပံ့ပေးနိုင်ခဲ့သည်။
Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အသက် ၁၈ နှစ်ပြည့်ပြီးသည့် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းအတွက် ဒုတိယအကြိမ် နောက်ဆုံးမဲဆန္ဒရှင်စာရင်း များကို အောက်တိုဘာ ၁ ရက်နေ့ကစတင်ပြီး မအူပင်မြို့နယ် မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၆ အုပ်စု၊ စုစုပေါင်း ၈၈ အုပ်စုတွင် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များက ကြေငြာကပ်ထားကြောင်း သိရသည်။
Oct 02,2020
အိမ်မဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ် နို၀င်ဘာလ(၈) ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများစာရင်းကို မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ဒုတိယအကြိမ် ထုတ်ပြန်ကြေငြာ ထားပေးလျှက်ရှိကြောင်းသိရသည်။
Oct 02,2020
ဧရာ၀တီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ခွဲရုံး၌ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများ စာရင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အမာမြို့ရှိ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိသည်။
Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ကာလ သမဝါယမမိသားစုများသို့ အခြေခံ စားသောက်ကုန်များ ထောက်ပံပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ဒုတိယ အကြိမ် မဲဆန္ဒရှင်များစာရင်းကြေညာခြင်းကို ရပ်ကွက်/ကျေးရွာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ ထုတ်ပြန် ကြော်ငြာထားကြောင်းသိရသည်။