နယ်ရုံးများ၏သတင်းများ

Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Jun 25,2021
“အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်းကို သိရှိနား လည်စေရန်နှင့် မူးယစ်ဆေးဝါးကို အသုံးမပြုမိအောင် သတိပြုရှောင်ကြဉ်ကြ နိုင်စေရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေ ထားသည့် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်း ကျောင်းသို့ သွားရောက်ကာ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မကြီးပင်အုပ်စု၊ ပေါက်တန်း(အထက်စု) ကျေးရွာနေ စိုက်ပျိုးရေးပစ္စည်းရောင်းချသူတစ်ဦးသည် အနံ့မရသဖြင့် ယမန်နေ့ နံနက်ပိုင်းက ပေါင်းတည် ပြည်သူ့ဆေးရုံသို့လာရောက်ပြသခဲ့သည်။
Jun 25,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး ရှောင်ရှားနိုင်စေရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုးများအ‌ကြောင်းကို အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့ နံနက်(၈)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သုံးခွမြို့နယ် ရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းများ၊ ပြည်သူများနှင့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် အခမဲ့သွားရောက်ဖြန့်ဝေ ပေးခဲ့ သည်။
Jun 25,2021
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ယနေ့ နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း တွင် ပြသထားကြောင်း သိရသည်။
Jun 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ကြဉ်နိုင်စေရေးအတွက် ဇွန်လ(၂၅)ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို အထက(၁)မြိတ်မှ ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။
Jun 25,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် အသိပညာပေး "သတင်းစကား" လက်ကမ်းစာစောင် များကို ယနေ့ နံနက်ပိုင်းတွင် ပြည်မြို့ အ.ထ.က(၅) ကျောင်းရှေ့၌ ပြည်ခရိုင်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မက်မန်းခရိုင်ရုံး ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (အထကမက်မန်း)၌ ယမန်နေ့ နေ့လယ်ပိုင်းတွင် သွားရောက် ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။