မိုးညို စက်တင်ဘာ ၈
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဦးစီးမှူး ရုံးဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စုပေါင်းရုံး (OSS) ရုံးခန်းမ၌ စက်တင်ဘာ ပထမပတ်တွင် မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၅)အုပ်စု၊ ကျေးရွာ (၅)ရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးနှင့် ရေဘေးသင့် ပြိုလဲနေအိမ်တို့မှ ကမ်းပြိုဘေးသင့် ကြိုတင်ပြောင်းရွေ့နေအိမ် (၁၄)လုံးနှင့် ရေဘေးသင့် ပြိုလဲနေအိမ် (၄)လုံးတို့အတွက် စုစုပေါင်း အိမ်ဆောက်ပစ္စည်းဘိုး ထောက်ပံ့ငွေ (၁,၈၀၀,၀၀၀/-) ကျပ် နှင့် အိမ်ထောင်စု (၁၈)စုတို့မှလူဦးရေ (၆၇) ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၄၀,၇၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံငွေ (၁,၉၄၀,၇၀၀/-) ကျပ်နှင့် ရေဘေးသင့် ပြိုလဲနေအိမ် (၄) အိမ်ထောင်စာတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ ပုံး (၄)ပုံးတို့အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးသီဟ၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဇော်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် အတူ ဘေးသင့်အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
စန္ဒာလင်း (ပြန်/ဆက်)