နယ်ရုံးများ၏သတင်းများ

Sep 17,2020
အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးဆက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး‌ ကြေညာခြင်းကို ယနေ့ နံနက် ၈ နာရီတွင် အင်္ဂပူမြို့ပေါ်ရှိ အမှတ်၁၊ ၂၊ ၃ ရပ်ကွက်များနှင့်ကံဦး‌‌ ကျေးရွာအုပ်စုအတွင်းရှိ ကံဦးကျေးရွာ၊ သုံးဆက်ကျေးရွာ၊ မြန်အောင်စုကျေးရွာ၊ ဇေယျကျေးရွာ များတွင်ပြုလုပ်ခဲ့သည်။
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး ပန်းတ​နော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ခြင်းကို အင်းမ​ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ စက်တင်ဘာ (၁၅)ရက်နေ့မှ (၁၆)ရက်နေ့ နံနက်(၉) နာရီမှ (၁၂)နာရီထိ မွန်းလွဲ(၁)နာရီမှ (၄)နာရီထိ သင်ကြားပို့ချ ပေးခဲ့သည်။
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုအန္တရာယ်မှ ကင်းဝေးစေရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ထမင်းဆိုင်နှင့် လမ်းဘေးဈေးဆိုင်များအား ပါဆယ်(Take-Away) စနစ်ရောင်းချမှုကို ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Sep 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြိုင်ဈေးသို့ ကမေ္ဘာဇ လူငယ်စာကြည့်တိုက်မှ ထုတ်ဝေသည့် “မိသားစုအတွက် ကိုဗစ်-၁၉ ရောဂါ အချက်အလက်” လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က ယနေ့ နံနက်(၈)နာရီ က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး တို့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းကျော် ဦးဆောင်သောအဖွဲ့များသည် ညစဉ် မြို့အတွင်း လှည့်ကင်းများဖြင့် ပိတ်ဆို့ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
Sep 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေး ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း(Mask)များအခမဲ့ ဖြန့်ဝေးခြင်း နှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ယမန်နေ့ နံနက် ၇ နာရီတွင် မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့သည်။
Sep 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဓာတ်ပုံနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်ထားရှိရာ ယနေ့က ဌားရမ်းစာအုပ်များ ပြန်လည်လာရောက်အပ်နှံသည့် စာပေချစ်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အချက်များနှင့်အညီ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Sep 17,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန