ဒက္ခိဏသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များနှင့်ပိုစတာများ အခမဲ့ဖြန့်ဝေ

 

ဒက္ခိဏသီရိ   စက်တင်ဘာ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်ဌာန ဆိုင်ရာဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်း စာစောင်များနှင့်ပိုစတာများကို အမှတ် (၁၈)အခြေခံပ ညာအထက်တန်းကျောင်းဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးလာရောက် ထိုးနှံသူများနှင့် နေပြည်တော်ဒက္ခိဏသီရိဈေးအတွင်း ပြည်သူ များအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေရာတွင် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏသီရိမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ များအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို သိရှိပြီး ပူးပေါင်းဆောင်ရွက်လာနိုင်စေရန် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံ သူများအား အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြပြီး ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာအထက် တန်းကျောင်းဆေးထိုးစုရပ်နှင့် နေပြည်တော်ဒက္ခိဏ သီရိဈေး တို့တွင် ကိုဗစ်-၁၉ရောဂါ ကာလဝယ် ကျန်းမာအောင်နေကြမယ်နှင့် ကိုဗစ်-၁၉ရောဂါကာ ကွယ်ရေးနည်းလမ်း ပိုစတာများကို ကပ်ထားပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ဝန်ထမ်းနေအိမ်အခန်းများ၊ အဆောင်များတွင် လိုက်နာရန်နှင့်အချင်းချင်း အသိပေး/ သတိပေးပြောကြားရမည့်အချက်များ၊  ပိုစတာများတွင် ကိုဗစ်-၁၉ရောဂါကာလဝယ် ကျန်းမာ အောင်နေကြမယ်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများပါဝင်ပြီး နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်း စာစောင်နှင့် ပိုစတာများဖြစ်ကြောင်းသိရ သည်။

ထွန်းထွန်းဝင်း